၂၂ ဇူလိုင် ၂၀၂၄

ဒုသမ္မတ ကာမလာ ဟာရစ်ကို သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပြီဆိုရင်တော့  ဒီမိုကရက်တစ်ပါတီဟာ  သမိုင်းတင်မယ့် အလောင်းအစားကြီးတစ်ခုကို ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။ ဒုသမ္မတ ကာမလာဟာရစ် သမ္မတလောင်းဖြစ်လာပြီဆိုရင် လူမည်း   အမျိုးသမီးတစ်ဦးဟာ လူမျိုးရေးနှင့်လိင်ခွဲခြားမှုတွေ၊ပြီးတော့ သူမကိုယ်တိုင်ရဲ့ ခြေလှမ်းအမှားတွေကို ကျော်လွှားပြီး ရီပတ် ဘလီကင် ဒေါ်နယ်ထရမ့်ကို နိုင်မလားဆိုတဲ့အပေါ် သူတို့က လောင်းကြတော့မှာပါ။