#World_Health
Published 23 July 2024


▪️ အိပ်ချိန်ပုံစံမမှန်ဘဲ အပြောင်းအလဲများတဲ့သူတွေမှာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်း ပိုများတယ်လို့ ဘရစ်ဂမ်နဲ့ အမျိုးသမီးဆေးရုံမှ လေ့လာတွေ့ရှိထားပါတယ်။

 

▪️ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ခြေ လျှော့ချရာမှာ အိပ်စက်မှုပုံစံကို အတည်တကျ ထိန်းသိမ်းထားရှိဖို့က ဘယ်လောက်အရေးကြီးလဲ ဆိုတာကို လေ့လာလိုတာဖြစ်ကြောင်း သုတေသနပြုစုသူ ဆီနာကီယန်နာဆီက ပြောပါတယ်။

 

▪️ ဆီးချိုရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုနဲ့ မသန်မစွမ်းဖြစ်မှုဖြစ်စေတဲ့ ထိပ်ဆုံးအကြောင်းအရင်း ၁၀ ခုမှာ ပါဝင်ပြီး ၂၀၅၀ အရောက်မှာ ကမ္ဘာပေါ်ရှိ ဆီးချိုဖြစ်ပွားသူအရေအတွက် နှစ်ဆကျော်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

 

▪️ ဒီအတွက် ဗြိတိန်ပြည်ထောင်စုမှ လူပေါင်း ၈၄၀၀၀ ကျော်ကို စက်ပစ္စည်းများတပ်ဆင်ပြီး ၇ ညတာ စောင့်ကြည့်ခဲ့ပါတယ်။

 

▪️ စမ်းသပ်ပါဝင်သူတွေက ပျမ်းမျှ ၆၂ နှစ်ရှိကြပြီး ဆီးချိုရောဂါ မရှိသူတွေဖြစ်ပါတယ်။

 

▪️ ဆေးမှတ်တမ်းများကိုကြည့်ပြီး ဆီးချိုရောဂါဖြစ်လာခြင်း ရှိမရှိ ၇ နှစ်ခွဲ စောင့်ကြည့်ခဲ့ကြပါတယ်။

 

▪️ ညဘက်အိပ်ချိန် တစ်ညနဲ့တစ်ည ၁ နာရီကျော်လောက် အပြောင်းအလဲရှိသူတွေဟာ ဆီးချိုဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်းပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။

 

▪️ ကြာမြင့်စွာ အိပ်တတ်သူတွေနဲ့ မျိုးဗီဇအရ ရောဂါဖြစ်နိုင်ခြေ နည်းတဲ့သူတွေမှာ အိပ်ချိန်မမှန်ခြင်းနဲ့ ဆီးချိုရောဂါ ဆက်စပ်မှုက ပိုပြီးသိသာနေပါတယ်။

 

▪️ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ဖို့အတွက် အိပ်စက်မှုက အရေးကြီးပြီး သွေးတွင်းသကြားဓာတ် မြင့်မားတာဟာ ဆီးချိုလက္ခဏာတစ်ခု ဖြစ်ပါတယ်။

 

▪️ တစ်နေ့ကို အိပ်ချိန် ၆ နာရီအောက်သာရှိသူတွေဟာ ရောဂါဖြစ်နိုင်ခြေ သိသိသာသာ ပိုများနေပါတယ်။

 

▪️ စမ်းသပ်ချက်ကတော့ လူတိုင်းအတွက် ကိုယ်စားမပြုနိုင်တာကိုတော့ သိရှိထားဖို့ သုတေသီများဆိုလိုက်ကာ နောက်ထပ်အချက်အလက် ကွဲပြားသူတွေနဲ့လည်း စမ်းသပ်သွားဖို့ စီစဉ်နေကြပါတယ်။

 

#Source: New York Post