#World_Health
Published 22 July 2024


▪️ ဖိုင်ဇာဆေးဝါးကုမ္ပဏီက တစ်နေ့တစ်ကြိမ်သာ သောက်သုံးရမယ့် အဆီကျဆေး danuglipron ကို ယခုနှစ်နောက်ပိုင်းမှာ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ကြာသပတေးနေ့က ပြောပါတယ်။

 

▪️ အယ်လီလိုင်လီနဲ့ နိုဗိုနော်ဒစ်တို့ အပါအဝင် ဆေးကုမ္ပဏီတွေမှ ထုတ်လုပ်နေဆဲဖြစ်တဲ့ အဆီကျဆေး ဒုတိယမျိုးဆက်တွေထဲမှာ ပါဝင်ပြီး ထိုးဆေးတွေထက် ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။

 

▪️ လက်ရှိမှာ အဆီကျဆေးဈေးကွက်ကို နိုဗိုနော်ဒစ်မှထုတ်တဲ့ ဝီဂိုဗီနဲ့ အယ်လီလိုင်လီမှထုတ်တဲ့ ဇက်ဘောင်းတို့က လွှမ်းမိုးထားကာ ၂၀၃၀ အစောပိုင်းလောက်ရောက်ရင် ဈေးကွက်တန်ဖိုး ဒေါ်လာ ၁၅၀ ဘီလီယံကျော် ရှိလာလိမ့်မယ်လို့ သုံးသပ်သူများက မျှော်မှန်းထားပါတယ်။

 

▪️ ဆေးထုတ်လုပ်မယ့် အချိန်အတိအကျကို မပြောထားဘဲ လက်တွေ့စမ်းသပ်မှုများ မပြုလုပ်ခင် ဆေးတွေကို သုံးသပ်သွားဦးမှာ ဖြစ်ပါတယ်။

 

▪️ ဖိုင်ဇာ ယခင်ကထုတ်လုပ်တဲ့ တစ်နေ့နှစ်ကြိမ်သောက်ဆေးဟာ စမ်းသပ်ခံသူတွေမှာ ဘေးထွက်ဆိုးကျိုး မြင့်မားတာကြောင့် စမ်းသပ်ကာလတဝက်တပျက်ဖြင့် နုတ်ထွက်ကုန်ကြပါတယ်။

 

▪️ နောက်ထပ် အဆီကျဆေးဖြစ်တဲ့ lotiglipron ဟာလည်း အချို့လူနာတွေမှာ အသည်းအင်မ်ဇိုင်း မြင့်မားစေတာကြောင့် လက်လျှော့ထားပါတယ်။

 

▪️ လက်ရှိမှာတော့ ဖိုင်ဇာရဲ့ ရှယ်ယာတန်ဖိုးက ၂.၈ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

 

▪️ ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေး ရောင်းချမှုများ အလွန်ကျဆင်းခဲ့တာကြောင့် ၂၀၂၁ ဒီဇင်ဘာလမှာ တန်ဖိုးတဝက်ကျော်လောက် ကျဆင်းခဲ့ပါတယ်။

 

▪️ လူပေါင်း ၁၄၀၀ ကျော်မှာ ကနဦးစမ်သပ်ခဲ့ရာ တစ်နေ့တစ်ကြိမ်သုံးစွဲရတဲ့ အဆီကျဆေးက အသည်းအင်မ်ဇိုင်းမြင့်တက်တာမျိုး မဖြစ်စေပါဘူး။

 

▪️ ဖိုင်ဇာရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ဆေးတွေ သိသိသာသာ ရောင်းအားကျခဲ့တာကြောင့် စီအီးအို အယ်လ်ဘတ်ဘိုလာက ဆေးသစ်တွေထုတ်လုပ်ဖို့ ဖိအားများလာရပါတယ်။



#Source: New York Post