#World_Health
Published 20 July 2024


▪️ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ခြင်းဖြင့် ကင်ဆာဖြစ်ပွားမှုနဲ့ ကင်ဆာကြောင့် သေဆုံးမှုများကို သိသိသာသာ လျှော့ချနိုင်တယ်လို့ အမေရိကန်ကင်ဆာ အဖွဲ့အစည်းက အကြံပြုလိုက်ပါတယ်။

 

▪️ စီးကရက်သောက်ခြင်းဟာ ကင်ဆာဖြစ်ပွားမှုတွေရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးရှိပြီး ကင်ဆာကြောင့် သေဆုံးမှုတွေရဲ့ ၃၀ ရာခိုင်နှုန်း ပတ်သက်နေပါတယ်။

 

▪️ ၂၀၁၉ ခုနှစ်လေ့လာချကမှာ နေထိုင်စားသောက်မှုပုံစံကြောင့် ကင်ဆာဖြစ်ပွားသူ ၇ သိန်းကျော်နဲ့ သေဆုံးသူပေါင်း ၂၆၂၀၀၀ ကျော် ရှိနေပါတယ်။

 

▪️ ကင်ဆာဖြစ်နိုင်ခြေများစေတဲ့ ၁၀ ချက်ကို ဖော်ပြထားပါတယ်။

 

(၁) ဆေးလိပ်သောက်ခြင်း
▪️ စီးကရက်က ကင်ဆာဖြစ်ပွားမှုနဲ့ သေဆုံးမှုတို့ရဲ့ အဓိကအကြောင်းအရင်း ဖြစ်နေဆဲဖြစ်ပြီး ဆေးလိပ်သောက်တဲ့အကျင့်ကို ပြုပြင်ပြောင်းလဲပြီး ကျန်းမာရေးထိန်းသိမ်းနိုင်ပါတယ်။

 

(၂) ကိုယ်အလေးချိန်
▪️ ကင်ဆာဖြစ်ပွားခြင်းနဲ့ သေဆုံးခြင်းတို့ရဲ့ ၇ - ၈ ရာခိုင်နှုန်းလောက်က ကိုယ်အလေးချိန် များလွန်းတာနဲ့ ဆက်စပ်နေတယ်လို့ ခန့်မှန်းထားကြပါတယ်။

 

(၃) အရက်သေစာ
▪️ အရက်သောက်ခြင်းကြောင့် ကင်ဆာဖြစ်ပွားမှုနှုန်း အမျိုးသားတွေမှာ ၅.၄ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေမှာ ၄.၁ ရာခိုင်နှုန်း ပတ်သက်နေပါတယ်။

 

(၄) စားသောက်မှုပုံစံလွဲမှားခြင်း
▪️ အသီးအနှံနဲ့ ဟင်းရွက်များ စားသုံးမှုနည်းပါးခြင်းက ကင်ဆာဖြစ်ပွားမှု များစေပါတယ်။

 

(၅) လေ့ကျင့်ခန်းမလုပ်ခြင်း
▪️ ကိုယ်အလေးချိန်များခြင်း၊ အရက်သေစာ သောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းတို့က ကင်ဆာဖြစ်ပွားမှု အများဆုံးဖြစ်နေပါတယ်။

 

(၆) ကင်ဆာစစ်ဆေးမှုမလုပ်ခြင်း
▪️ ကင်ဆာကို ပုံမှန်စစ်ဆေးမှု မပြုလုပ်တဲ့အခါ ကင်ဆာစတင်ဖြစ်ပွားနေမှန်း မသိဘဲ ကင်ဆာဖြစ်မှုနှုန်း မြင့်မားစေပါတယ်။

 

(၇) နေရောင်ထိတွေ့မှုများခြင်း
▪️ အရေပြားကင်ဆာဖြစ်ပွားမှု ၉၃ ရာခိုင်နှုန်းနီးပါးက ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် ဖြစ်ပြီး နေရောင်ကာလိမ်းခြင်း၊ လုံခြုံစွာ ဝတ်ဆင်ခြင်း၊ နေကာမျက်မှန်တပ်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။

 

(၈) ရောဂါကူးစက်မှု
▪️ HPV ကူးစက်မှုက ကင်ဆာဖြစ်ပွားမှုတွေရဲ့ ၁.၈ ရာခိုင်နှုန်းနဲ့ သေဆုံးမှုရဲ့ ၁.၂ ရာခိုင်နှုန်းရှိနေပါတယ်။

 

#Source: India Today