#World_Health
Published 19 July 2024


▪️ အော်တစ်ဇင်လက္ခဏာ ဖြစ်ပွားမှုနှုန်းက ကမ္ဘာပေါ်မှာရော အစ္စရေးလ်မှာပါ မြင့်တက်နေတာကြောင့် သုတေသီတွေက ရောဂါဖြစ်ရတဲ့ အကြောင်းအရာတွေကို ဆက်လက်ဆန်းစစ်နေကြပါတယ်။

 

▪️ လေ့လာချက်အသစ်တစ်ခုအရ မျိုးဗီဇရင်းမြစ်တစ်ခုကြောင့် ဖြစ်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

 

▪️ မိသားစုထဲက မွေးချင်းတစ်ဦးမှာ အော်တစ်ဇင်လက္ခဏာဖြစ်ရင် ကျန်တဲ့မွေးချင်းမှာလည်း ဖြစ်နိုင်ခြေများတယ်လို့ သုတေသီများ တွေ့ရှိခဲ့ပါတယ်။

 

▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အော်တစ်ဇင်ဖြစ်ပွားမှုက လူ ၃၆ ဦးမှာ ၁ ဦးနှုန်းအထိမြင့်တက်လာပြီး ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကို ကမ္ဘာတဝှမ်းက သိပ္ပံပညာရှင်တွေ အဖြေရှာနေကြပါတယ်။

 

▪️ လက်ရှိသုံးသပ်ချက်များအရ ဖခင်ရဲ့အသက်အရွယ် ကြီးလာတာနဲ့ သက်ဆိုင်နေပြီး အထူးသဖြင့် အသက် ၅၀ အရွယ်တွေ ဖြစ်ပါတယ်။

 

▪️ အော်တစ်ဇင်ဝေဒနာဆိုတာဟာ လူနာက ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ တုန့်ပြန်ဆက်ဆံနိုင်စွမ်း အားနည်းတဲ့ အခြေအနေတစ်မျိုး ဖြစ်ပြီး အစ္စရေးလ်ရှိ ကလေး ၂၀၀ မှာ တစ်ယောက်နှုန်း ဖြစ်ပွားနေကာ၈၀ ရာခိုင်နှုန်းက ယောကျ်ားလေးတွေ ဖြစ်ပါတယ်။

 

▪️ ထိုလက္ခဏာတွေကို အသက် ၂ နှစ်ခန့်မှာ တွေ့ရှိတတ်ကြပြီး လူမှုပေါင်းသင်းရေး မပြုလုပ်နိုင်ကာ မျက်လုံးချင်း မကြည့်နိုင်ခြင်း၊ နားလည်သဘောပေါက်ရန် ခက်ခဲခြင်း၊ စိတ်ခံစားချက်များကို မတုန့်ပြန်နိုင်ခြင်း၊ တစ်ဦးတည်းနေထိုင်လိုခြင်း၊ ပြောင်းလဲနိုင်စွမ်းမရှိခြင်းတို့ ခံစားရတတ်ပါတယ်။

 

▪️ အော်တစ်ဇင်အမျိုးသမီးတွေရဲ့ မွေးချင်းအငယ်တွေဟာ အော်တစ်ဇင်ဖြစ်နိုင်ခြေ ၃၄.၇ ရာခိုင်နှုန်းရှိပြီး အော်တစ်ဇင်အမျိုးသားတွေရဲ့ မွေးချင်းအငယ်တွေကတော့ ၂၂.၂ ရာခိုင်နှုန်းရှိပါတယ်။

 

▪️ မိခင်ရဲ့ ပညာရေးကလည်း သက်ရောက်နေပြီး ပညာရေးနိမ့်ပါးတဲ့ မိခင်တွေမှာ မွေးချင်း ၂ ယောက်ရှိရင် အော်တစ်ဇင်ဖြစ်နိုင်ခြေ ၃၂.၆ ရာခိုင်နှုန်းရှိပြီး ဘွဲ့ရမိခင်တွေမှာတော့ အော်တစ်ဇင်ကလေးဖြစ်နိုင်ခြေ ၂၅.၅ ရာခိုင်နှုန်းရှိပါတယ်။

 

▪️ အော်တစ်ဇင်လက္ခဏာတစ်မျိုးမျိုး သတိထားမိရင် အထူးကုနဲ့ ပြသဖို့အကြံပြုထားပြီး စောစီးစွာ တွေ့ရှိပါက လက်ကျန်ဘဝတွေမှာ သက်ရောက်မှုတွေကို လွှမ်းမိုးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

 

#Source: The Jerusalem Post