#World_News
Published 18 July 2024


▪️ သမ္မတရွေးကောက်ပွဲ ထပ်မံပါဝင်ယှဉ်ပြိုင်ရေး လက်လျှော့ရန် ဒီမိုကရက်များရဲ့ ဖိအားပေးခြင်းကို ခံနေရတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့မှာ လက်စ်ဗေးဂတ်စ်သို့ သွားရောက်စဉ် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာအပျော့စား ခံစားနေရကာ သီးခြားနေထိုင်လျက်ရှိကြောင်း အိမ်ဖြူတော်က ပြောသွားပါတယ်။

 

▪️ ရောဂါရှာဖွေတွေ့ရှိခဲ့သဖြင့် မိန့်ခွန်းပြောကြားမှု အစီအစဉ်တစ်ခုကို ဖျက်သိမ်းခဲ့ပြီးနောက် အသက် ၈၁ နှစ်အရွယ် ဒီမိုကရက်သမ္မတ ဘိုင်ဒင်ဟာ ကိုဗစ်စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အိမ်ဖြူတော် စာနယ်ဇင်းရှင်းလင်းပွဲ အတွင်းရေးမှူး ကာရင်ဂျင်းပီယာရီက ကြေညာခဲ့ပါတယ်။

 

▪️ သမ္မတဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ အားမြှင့်ကာကွယ်ဆေးများ ထိုးနှံထားကာ လက္ခဏာအပျော့စားသာ ခံစားနေရတယ်လို့ ပြောပါတယ်။

 

▪️ လက်စ်ဗေးဂတ်စ်ကနေ ဒယ်လာဝဲသို့ သွားရောက်အနားယူရန် Air Force One လေယာဉ်ပေါ်သို့ တက်ရောက်ခါနီးမှာ ဘိုင်ဒင်က နေလို့ကောင်းပါတယ်လို့ သတင်းထောက်တွေကို ဖြေကြားခဲ့ပေမယ့် လေယာဉ်ပေါ်သို့ ဖြည်းဖြည်းချင်းသာ တက်နေရပြီး လက်ရန်းကို မြဲမြဲကိုင်ကာ နားနားပြီး တက်နေတာကို တွေ့ရခဲ့ပါတယ်။

 

▪️ ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင်ပွဲမှာ အခြေအနေမလှ ဖြစ်နေတဲ့ ဘိုင်ဒင်အတွက်တော့ အရေးကြီးတဲ့ အချိန်မှာမှ ရောဂါဝင်လာတာ ဖြစ်ပါတယ်။

 

▪️ ဘိုင်ဒင်က ဒယ်လာဝဲကမ်းခြေအိမ်မှာ အနားယူရန် စီစဉ်ထားပြီး စည်းရုံးရေးပွဲတွေ ဘယ်အချိန်မှ ပြန်လုပ်နိုင်မလဲဆိုတာ သေချာမသိရသေးပါဘူး။

 

▪️ ရေဒီယိုအင်တာဗျူးတစ်ခု ဖြေကြားပြီးနောက် ရောဂါတွေ့ရှိကြောင်း ကြေညာအပြီးမှာ သမ္မတလိုက်ပါလာတဲ့ မော်တော်ယာဉ်တန်းဟာ လက်စ်ဗေးဂတ်စ်လေဆိပ်သို့ သွားရောက်ခဲ့ပါတယ်။

 

▪️ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အစည်းအဝေးခန်းထဲမှာ ညည်းငြူမှုတွေ ရှိခဲ့ပါတယ်။
ဒီမိုကရက်အမတ်အချို့က ဘိုင်ဒင်ဟာ ရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်ဖို့ အသက်ကြီးလွန်းနေပြီလို့ ပူပန်နေကြကာ အခြားကိုယ်စားလှယ်လောင်းတစ်ဦးအတွက် နေရာဖယ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

 

▪️ ဘိုင်ဒင်ရဲ့ ဆရာဝန်ပြောကြားချက်အရ မွန်းလွဲအစောပိုင်းမှာ အသက်ရှူလမ်းကြောင်း အထက်ပိုင်းလက္ခဏာ ခံစားနေခဲ့တယ်လို့ သိရပါတယ်။

 

▪️ အဲဒီနေ့အစောပိုင်းက နေလို့ကောင်းနေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နေမကောင်းသလို ဖြစ်နေခဲ့ရာ ကိုဗစ်-၁၉ စစ်ဆေးခဲ့ရာမှာ ဗိုင်းရပ်စ်ရှိနေပြီလို့ အဖြေထွက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

▪️ ရောဂါထိန်းချုပ်ရေး လမ်းညွှန်ချက်များအတိုင်း ဘိုင်ဒင်ဟာ သီးခြားနေထိုင်သွားမယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

 

#Source: Reuters