#World_News
Published 17 July 2024


▪️ ဘန်ကောက်မြို့ရှိ အထက်တန်းစားဟိုတယ်တစ်ခုမှ အခန်းတစ်ခန်းထဲမှာ အင်္ဂါနေ့က နိုင်ငံခြားသားလူမျိုး ၆ ဦးရဲ့ အလောင်းတွေကို တွေ့ရှိပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ထိုဖြစ်ရပ်နဲ့ ဆက်စပ်နေတဲ့ ၇ ယောက်မြောက်ပုဂ္ဂိုလ်ကို ရှာဖွေနေပါတယ်။

 

▪️ ၆ ဦးစလုံးဟာ ဗီယက်နမ်လူမျိုးများဖြစ်ပြီး ၂ ဦးကတော့ အမေရိကန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတာဖြစ်ကာ စနေနေ့နဲ့ တနင်္ဂနွေနေ့တို့မှာ ဘန်ကောက်ကို ရောက်ရှိလာကြပြီး ဂရန်းဟျက်အီရာဝမ်ဟိုတယ်မှာ မတူညီတဲ့အချိန် ၂ ချိန်အတွင်း တည်းခိုရန်စာရင်းပေးခဲ့ကြကြောင်း ရဲအရာရှိ ထီတီဆောင်ဆာဝမ်က သတင်းထောက်တွေကို ပြောကြားပါတယ်။

 

▪️ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးပါတဲ့ အဖွဲ့ဟာ အခန်းတွေခွဲပြီး စာရင်းပေးခဲ့ကြပေမယ့် အလောင်းတွေကိုတော့ တစ်ခန်းတည်းမှာသာ တွေ့ရှိခဲ့တာဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အရိပ်အယောင်မျိုး မတွေ့ရဘူးလို့ ပြောပါတယ်။

 

▪️ ကိုယ့်ဘာသာ လုပ်ကြံတာမျိုးမဟုတ်ဘဲ တစ်စုံတစ်ဦးက ယင်းတို့ကို သေဆုံးစေတာဖြစ်တယ်လို့ ပြောပါတယ်။

 

▪️ လေယာဉ်ပေါ်က ဆင်းတဲ့အချိန်ကနေစပြီး ခြေရာခံလိုက်နေတယ်လို့ သိရပါတယ်။

 

▪️ ညနေ ၅ နာရီခွဲခန့်မှာ ဟိုတယ်ဝန်ထမ်းက လူသေဆုံးတာကို တွေ့ရှိကြောင်း အကြောင်းခဲ့သဖြင့် ရဲတွေရောက်ရှိလာခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

▪️ ထိုင်းဝန်ကြီးချုပ် ဆရက်ထာထဝီစင်က အင်္ဂါနေ့နှောင်းပိုင်းမှာ အကြီးတန်းရဲအရာရှိများနဲ့အတူ ဟိုတယ်သို့ ရောက်ရှိလာပြီး အမြန်ဆုံးစုံစမ်းစစ်ဆေးရန် မိန့်ကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

▪️ တိုင်းပြည်ရဲ့ ဧည့်ခရီးသွားလုပ်ငန်းထိခိုက်မှုမရှိဖို့အတွက် အမြန်ဆုံးဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ်က အမိန့်ပေးခဲ့ပါတယ်။

 

▪️ အမေရိကန် နိုင်ငံခြားရေးဌာနကလည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အကြံပေးကူညီဖို့ အသင့်ရှိနေကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

 

▪️ ဂရန်းဟျက်အီရာဝန်ဟိုတယ်ဟာ အခန်းပေါင်း ၃၅၀ ကျော်ရှိပြီး မြို့တော်ဘန်ကောက်ရဲ့ ဧည့်ခရီးသွားများ စည်ကားရာနေရာမှာ တည်ရှိပါတယ်။

 

▪️ ဟိုတယ်နဲ့ ဘန်ကောက်ရှိ ဗီယက်နမ်သံရုံးတို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပြောကြားခြင်း မရှိသေးပါဘူး။

 

▪️ ထိုင်းနိုင်ငံအတွက် ခရီးသွားလုပ်ငန်းက အဓိကအချက်အခြာဖြစ်ပြီး ယခုနှစ်အတွင်း လာရောက်လည်ပတ်သူ နိုင်ငံခြားသား ၃၅ သန်းခန့် ရှိမယ်လို့ အစိုးရက မျှော်လင့်ထားပါတယ်။

 

▪️ ယမန်နှစ်ကတော့ ၂၈ သန်းလာရောက်ခဲ့ကာ ၁.၂ ထရီလီယံဘတ် သုံးစွဲခဲ့ကြပါတယ်။

 

▪️ ဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်ရန် အစိုးရက ဗီဇာနေထိုင်သက်တမ်းကို တိုးချဲ့ပေးထားပြီး နိုင်ငံခြားလူမျိုး အများအပြားကို ခွင့်ပြုထားပါတယ်။

 

#Source: Reuters