#World_Health
Published 17 July 2024


▪️ လေ့လာချက်အသစ်အရ အလုပ်အကိုင်ကောင်းတဲ့သူတွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့ မျိုးဗီဇဆိုင်ရာအန္တရာယ် ပိုများကြောင်း တွေ့ရှိထားပါတယ်။

 

▪️ ယခင်က ဆင်းရဲနွမ်းပါးသူတွေဟာ ကင်ဆာဖြစ်နိုင်ခြေ များတယ်ဆိုတဲ့ ယူဆချက်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

 

▪️ ယခုလေ့လာချက်အတွက် လူပေါင်း ၂၈၀၀၀၀ ထံမှ မျိုးဗီဇ၊ ကျန်းမာရေး၊ လူမှုစီးပွားရေး အချက်အလက်များကို ရယူကာ ရောဂါ ၁၉ မျိုးဖြစ်နိုင်ခြေကို အကဲဖြတ်ခဲ့ပါတယ်။

 

▪️ ပညာရေးအသိနည်းပါးတဲ့သူတွေက အဆစ်ရောင်၊ အဆုတ်ကင်ဆာ၊ စိတ်ဓာတ်ကျရောဂါ၊ အရက်စွဲလမ်းခြင်းနဲ့ ဆီးချိုတို့ ဖြစ်နိုင်ခြေပိုများပြီး ပညာရေးအသိ ကြွယ်တဲ့သူတွေကတော့ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတို့ ဖြစ်နိုင်ခြေပိုများတာကို တွေ့ရှိခဲ့ကြပါတယ်။

 

▪️ ယခုသုံးသပ်ချက်က မျိုးဗီဇကိုသာ အလေးထားတာဖြစ်ပြီး ပတ်ဝန်းကျင်နဲ့ နေထိုင်စားသောက်မှုပုံစံတို့အပေါ် ထည့်မတွက်ထားပါဘူး။

 

▪️ ဝင်ငွေနည်းပါးတဲ့သူတွေဟာ အာမခံမရှိခြင်း၊ ကာကွယ်ရေး ဆေးစစ်ခြင်း ကုသခြင်းတို့ကို ရရှိဖို့ ခက်ခဲတာကြောင့် ဖိအားပိုများတယ်လို့ သုတေသီတွေ ဆိုထားကြပါတယ်။

 

▪️ အဆင့်အတန်းမြင့်မားတဲ့ လူတွေက ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ပိုမိုရရှိနိုင်ပြီး မကောင်းတဲ့ အလေ့အကျင့်တွေ စွဲလမ်းနိုင်ခြေ နည်းတယ်လို့ ဒေါက်တာ ဖီအိုနာဟေဂင်ဘိခ်က ပြောပါတယ်။

 

▪️ လူမှုစီးပွားရေး မြင့်မားသူတွေမှာ ကင်ဆာဖြစ်နိုင်ခြေ များတယ်ဆိုတာက ယင်းတို့ဟာ ငယ်ရွယ်စဉ်မှာ မသေဆုံးကြဘဲ ကြီးလာတဲ့အခါမှာမှ ကင်ဆာဖြစ်တာကြောင့် ဖြစ်တယ်လို့ ပြောသွားပါတယ်။

 

▪️ အဆင့်အတန်းမြင့်မားတဲ့အခါမှာ ဆေးစစ်တာမျိုး ပိုမိုပြုလုပ်ဖြစ်ပြီး ရောဂါတွေ့ရှိတာဖြစ်တယ်လို့ NYU ကင်ဆာစင်တာမှ တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ ဂျီယောင်းအန်းက ရှင်းပြပါတယ်။

 

▪️ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတို့ဆိုရင် စစ်ဆေးမှုတွေ ပြုလုပ်ပါမှ တွေ့ရှိရတာဖြစ်တယ်လို့ ရင်သားခွဲစိတ်ရေးမှူး ဒေါက်တာ အယ်လီဆာပို့တ်က ဆိုပါတယ်။

 

▪️ ထိုကင်ဆာမျိုးတွေက နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်ခြေ ရှိပါတယ်။
ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းသိမ်းခြင်း၊ အရက်သေစာ ကန့်သတ်သုံးစွဲခြင်းတို့က အကောင်းဆုံးဖြစ်ပါတယ်။

 

▪️ ဆေးစစ်ခြင်းဖြင့် ကင်ဆာဖြစ်တာကို စောစီးစွာသိရှိပြီး ကုသရလွယ်ကူပါတယ်။

 

▪️ ရင်သားကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အသက် ၄၀ မှ ၇၄ နှစ်ကြား အမျိုးသမီးတွေအနေဖြင့် နှစ်စဉ်စစ်ဆေးမှု ပြုလုပ်ဖို့ အကြံပြုနေကြပါတယ်။

 

#Source: New York Post