#World_Health
Published 17 July 2024


▪️ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အမျိုးသမီး ၁၀ ဦးထဲက တစ်ဦးနှုန်းဟာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာများကို ပိုမိုကြာရှည်စွာ ခံစားရနိုင်ခြေများတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

 

▪️ ကိုယ်ဝန်ဆောင်စဉ် ကိုဗစ်ကူးစက်ခြင်းက ကလေးအသေမွေးခြင်းနဲ့ လမစေ့ဘဲမွေးဖွားတာမျိုး ဖြစ်နိုင်တာကြောင့် ပိုပြီးအန္တရာယ်ရှိပါတယ်။

 

▪️ ကိုယ်ဝန်ဆောင်စဉ် ကိုဗစ်ကူးစက်ခဲ့တဲ့ အမျိုးသမီး ၁၅၀၀ ကို လေ့လာခဲ့ပြီး ၆ လအကြာမှာ လက္ခဏာများကို တင်ပြခဲ့ပါတယ်။

 

▪️ ၉.၃ ရာခိုင်နှုန်းလောက်က ရေရှည်လက္ခဏာများ ခံစားခဲ့ရပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ အစာအိမ်အူလမ်းကြောင်း ပြဿနာများ၊ ခြေကုန်လက်ပန်းကျခြင်းစတဲ့ လက္ခဏာတွေ ခံစားခဲ့ရပါတယ်။

 

▪️ ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေက ကိုယ်ဝန်ဆောင် လက္ခဏာတွေကိုပါ ဖုံးလွှမ်းနိုင်တာကြောင့် သတိပြုဖို့လိုအပ်တယ်လို့ သုတေသီများ အသိပေးလာပါတယ်။

 

▪️ ကိုယ်ဝန်ဆောင်ကာလနဲ့ မွေးဖွားပြီးစအချိန်တွေဟာ အရေးအကြီးဆုံး အချိန်ဖြစ်ပြီး ဒီလေ့လာချက်က ကိုဗစ်နဲ့ ကိုယ်ဝန်ကြား ဆက်စပ်မှုကို သိရှိစေတယ်လို့ NIH မှ နှလုံးသွေးကြောသိပ္ပံဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေးဗစ်ဂေါ့ဖ်က ပြောသွားပါတယ်။

 

▪️ နောက်ထပ်လေ့လာချက်ကတော့ မွေးဖွားပြီး ၁၂ ပတ်ကျော်ကြာတဲ့အချိန်မှာ လက္ခဏာပြသူတွေ ပါဝင်ပါတယ်။

 

▪️ ကိုယ်ဝန်ဆောင်သူတွေမှာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေ ပိုဖြစ်တတ်တာကြောင့် ပိုပြီးသတိထား စောင့်ကြည့်ကြဖို့ သုတေသီတွေ အလေးပေးပြောပြသွားပါတယ်။

 

#Source: NDTV