#World_News
Published 16 July 2024


▪️ လုပ်ကြံသူတစ်ဦးရဲ့ သေနတ်ပစ်ခတ်မှုကြောင့် ဒေါ်နယ်ထရမ့် ညာဘက်နားရွက်မှာ ဒဏ်ရာရပြီးနောက် တနင်္လာနေ့မှာ ပြုလုပ်တဲ့ ရီပတ်ဘလစ်ကန် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပတ်တီးထူထူစီးကာ အောင်ပွဲခံဝင်ရောက်လာခဲ့ပြီး ပါတီက တခဲနက် အားပေးဂုဏ်ပြုခဲ့ကြပါတယ်။

 

▪️ ထရမ့်ဒဏ်ရာရခဲ့စဉ်က လက်သီးလက်မောင်းတန်းပြီး 'အားတင်း အားတင်း အားတင်း'လို့ ကြွေးကြော်ခဲ့တဲ့အတိုင်း ယခုညီလာခံမှာ လူအုပ်ကြီးက လိုက်အော်နေခဲ့ပါတယ်။

 

▪️ သမ္မတဟောင်းက လူအုပ်ကြီးကို ကျေးဇူးတင်ခဲ့ပြီး သူ့ကလေးတွေ၊ အထက်လွှတ်တော်အမတ် ဂျေဒီဗန့်စ်နဲ့အတူ နေရာယူခဲ့ပါတယ်။

 

▪️ ထရမ့်ဟာ ပါတီမှ ကိုယ်စားလှယ်အဖြစ် တရားဝင်လက်ခံရယူမှာဖြစ်ပြီး နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

 

▪️ ပန်ဆယ်ဗေးနီးယားမှာ ပြုလုပ်ခဲ့တဲ့ ထရမ့်စည်းရုံးရေးပွဲမှာ သေနတ်သမားတစ်ဦး ပစ်ခတ်ခဲ့တာကြောင့် ထောက်ခံသူတစ်ဦး သေဆုံးခဲ့ပြီးနောက် ၄၈ နာရီမကြာသေးခင်မှာပဲ ၄ ရက်တာညီလာခံ စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

▪️ သေနတ်သမားကို အသေပစ်ခတ်ခဲ့ပြီး လုပ်ကြံရတဲ့ ရည်ရွယ်ချက်ကို မသိရပါဘူး။

 

▪️ ထရမ့်ကိုဆန့်ကျင်တဲ့ လွှတ်တော်အမတ် တင်မ်စကော့က ထရမ့်ကို ဘုရားသခင်က ကယ်တင်နေဆဲဖြစ်ပြီး သူကလည်း စည်းရုံးရေးတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း၊ သေနတ်သမားရောက်လာခဲ့ပေမယ့် ကံကောင်းစွာဖြင့် အသက်မပျောက်ခဲ့ကြောင်း ပြောသွားပါတယ်။

 

▪️ ယခုနောက်ပိုင်း ထရမ့်ကို ထောက်ခံလာတဲ့ ဗန့်စ်က ထရမ့်ဟာ နိုင်ငံရေးဘက်ကို စောင်းပေးပြီး ကွန်ဆာဗေးတစ် အကြောင်းအရာကိစ္စတွေကြောင့် ကြားနေမဲပေးသူတွေရဲ့ ထောက်ခံမှု မရနိုင်ဘူးလို့ ဆိုလိုက်ပါတယ်။

 

▪️ ပစ်ခတ်မှုဖြစ်ပြီးနောက် ထရမ့်ဟာ နိုင်ငံတော်စည်းလုံးညီညွတ်ရေးအကြောင်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

 

▪️ ထရမ့်ဟာ အပြာမင်းသမီး စတော်မီဒန်နီယယ်လ်ကို လျှို့ဝှက်ငွေပေးမှုအား ဖုံးကွယ်ရန်ကြိုးပမ်းမှုဖြင့် စက်တင်ဘာလမှာ တရားစီရင်ခံရပါတယ်။

 

▪️ ဒါပေမဲ့ ဝါရှင်တန်မှ အစိုးရတရားစွဲချက်များနဲ့ ဂျော်ဂျီယာမှ တရားစွဲချက်များကတော့ ရွှေ့ဆိုင်းထားပါတယ်။

 

▪️ လုပ်ကြံကိစ္စပြီးတဲ့အခါမှာတော့ ဘိုင်ဒင်က နိုင်ငံရေးလောကကလူတွေကို စိတ်လျှော့ထိန်းသိမ်းကြဖို့ တောင်းဆိုခဲ့ပြီး အမေရိကမှာ အကြမ်းဖက်မှု အလိုမရှိဘူးလို့ ပြောသွားပါတယ်။

 

#Source: Reuters