#World_Health
Published 16 July 2024


▪️ အသက်အရွယ် ကြီးလာတာနဲ့အမျှ အသားအရေ တည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်များ ယိုယွင်းလာပြီး အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေ ပေါ်ပေါက်လာပါတယ်။

 

▪️ ခန္ဓာကိုယ်တွင်း အိုမင်းလာခြင်းကို မျိုးဗီဇ အချက်အလက်တွေနဲ့ သက်တမ်းတို့က သက်ရောက်စေပြီး ပြင်ပအရေပြား အိုမင်းခြင်းကတော့ ပတ်ဝန်းကျင်နဲ့ နေထိုင်စားသောက်မှု ပုံစံတို့အပေါ် မူတည်နေပါတယ်။

 

▪️ အချို့အကြောင်းအရာတွေက အိုမင်းရင့်ရော်ခြင်းကို ပိုမိုလျင်မြန်စွာ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

▪️ (၁) နေရောင်ထိတွေ့မှု များလွန်းခြင်းက ခရမ်းလွန်ရောင်ခြည်များဟာ အရေပြားဆဲလ်တွေထဲက ဒီအင်န်အေကို ထိခိုက်စေပြီး ကော်လာဂျင်များ ပျက်စီးစေကာ အရေးကြောင်းများ၊ တင်းတိပ်များ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

▪️ (၂) ဆေးလိပ်သောက်ခြင်းကြောင့် ကော်လာဂျင်နဲ့ အီလက်စ်တင်တို့ ပျက်စီးစေပြီး သွေးလည်ပတ်မှု အားနည်းကာ အရွယ်မတိုင်ခင် အရေပြားတွန့်လာနိုင်ပါတယ်။

 

▪️ (၃) ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများဖြစ်တဲ့ အဆင့်ဆင့်ထုပ်ပိုးထားသော စားစရာများ၊ အချိုဓာတ်များတဲ့ စားစရာများ၊ အဆီများဟာ ရောင်ရမ်းခြင်းကို ဖြစ်စေပြီး အရေပြားကို လျင်မြန်စွာ ရင့်ရော်စေပါတယ်။

 

▪️ (၄) ရေဓာတ်ခန်းခြောက်ခြင်းကြောင့် အရေပြား ခြောက်သွေ့လာကာ အရေးကြောင်းများ ဖြစ်ပေါ်ပြီး ကြာရှည်လာရင် အရေပြားမတင်းရင်းတော့ပါဘူး။

 

▪️ (၅) အိပ်ရေးပျက်ကပါက အရေပြားပြုပြင်ခြင်း ချို့ယွင်းလာပြီး မျက်ကွင်းညိုခြင်း၊ ဖောင်းအစ်ခြင်း၊ အရေးကြောင်းများ ဖြစ်ပေါ်တတ်ပါတယ်။

 

▪️ (၆) ကာလကြာရှည်စွာ ဖိစီးမှုများတဲ့အခါ ကော်လာဂျင်နဲ့ အီလက်စ်တင်တို့ ပြိုကွဲလာပြီး အရေပြား လျော့တွဲလာကာ အိုမင်းတဲ့လက္ခဏာ ပေါ်လာပါတယ်။

 

▪️ (၇) အရက်အလွန်အကျွံ သောက်ခြင်းဖြင့် အရေပြား ခြောက်သွေ့စေပြီး အာဟာရဓာတ်များ ချို့တဲ့လာကာ ရောင်ရမ်းခြင်းနဲ့ ရင့်ရော်ခြင်းလက္ခဏာများ ဖြစ်ပေါ်စေပါတယ်။

 

▪️ (၈) မိတ်မဖျက်ဘဲ နေခြင်းဟာ ချွေးပေါက်များပိတ်စေပြီး ဝက်ခြံထွက်ကာ အတွန့်များ ဖြစ်ပေါ်တတ်ပါတယ်။

 

▪️ (၉) အလှကုန်ပစ္စည်းများ အသုံးများခြင်းကြောင့် အရေပြားလွှာ ထိခိုက်စေပြီး သဘာဝအဆီလွှာ ပျက်စီးစေကာ အရေပြား ထိခိုက်နိုင်ပါတယ်။

 

▪️ (၁၀) ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အထိုင်များခြင်းက သွေးလည်ပတ်မှု အားနည်းစေပြီး အရေပြားကို ထောက်ပံ့ပေးတဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ နည်းပါးစေတာကြောင့် အရွယ်မတိုင်ခင် အရေပြားရင့်ရော်စေပါတယ်။

 

#Source: DoctorNDTV