#World_News
Published 13 July 2024


▪️ သောကြာနေ့က ဆန်ဖရန်ဆစ္စကို အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မိုင်ယာမီသို့ ထွက်ခွာမယ့် အမေရိကန်အဲလိုင်းစ် လေကြောင်းခရီးစဉ်တစ်ခုမှာ ခရီးသည်တစ်ဦးရဲ့ လက်ဆွဲအိတ်ထဲမှ လက်ပ်တော့ပ်ကွန်ပျူတာက မီးခိုးထွက်နေခဲ့တာကြောင့် ခရီးသည်များ လွတ်မြောက်အောင် ထွက်ပြေးခဲ့ရတယ်လို့ လေကြောင်းကုမ္ပဏီက ပြောပါတယ်။

 

▪️ ထွက်ပြေးကြစဉ် လူတစ်ဦးဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ တင်ပို့ခဲ့ရပါတယ်။

 

▪️ ခရီးသည်တွေက အရေးပေါ်လျှောထိုးဘေးတံခါးတွေနဲ့ လေယာဉ်သို့သွားရာ လျှောက်လမ်းတံတားကနေ ထွက်ပြေးခဲ့ကြပါတယ်။

 

▪️ နောက်ထပ်ခရီးသည် ၂ ဦးလည်း အသေးစားဒဏ်ရာများ ရရှိခဲ့ကြောင်း ဆန်ဖရန်ဆစ္စကို မီးသတ်ဌာနက တင်ပြထားပါတယ်။

 

▪️ ခရီးသည်တွေ လေယာဉ်ပေါ် တက်နေကြတဲ့အချိန်မှာ လက်ပ်တော့ပ်က မီးခိုးထွက်နေခဲ့တာ ဖြစ်တယ်လို့ လေယာဉ်ဝန်ထမ်းတွေ အကြောင်းကြားခဲ့ကြောင်း လေကြောင်းလိုင်းက ဆိုပါတယ်။

 

▪️ အမေရိကန်အဲလိုင်းစ် ခရီးစဉ် ၂၀၄၅ ဟာ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ ဆန်ဖရန်ဆစ္စကိုကနေ မိုင်ယာမီသို့ ထွက်ခွာဖို့ စီစဉ်ထားတာ ဖြစ်ပြီး ထိုခရီးစဉ်ကို သောကြာနေ့ နောက်ပိုင်းမှာမှ ထွက်ခွာနိုင်ခဲ့ပါတယ်။

 

▪️ အစိုးရလေကြောင်းကွပ်ကဲရေးမှ ပြောရေးဆိုခွင့်ရှိသူ စတိဗ်ကမ်းလ်က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

 

#Source: AP News