၁၂ ဇူလိုင် ၂၀၂၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးကို သမ္မတပူတင်လို့ မှားခေါ်လိုက်ပြီး သူ့ရဲ့ ဒုသမ္မတ ကာမာလာဟာရစ်ကိုလည်း ဒုသမ္မတ ထရမ့်လို့ ထပ်မှားခေါ်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့သမ္မတသက်တမ်း တစ်လျောက်မှာ သိသာထင်ရှားလှတဲ့ စကားပြောမှားမှုနှစ်ခုထပ်ဖြစ်ခဲ့တာပါ။

သူ့ရဲ့အသက်အရွယ်ကြောင့် သူ့ကို သမ္မတဆက်အရွေးမခံဖို့ တောင်းဆိုမှုတွေနှင့် ရင်ဆိုင်နေရတဲ့ ဘိုင်ဒင်ဟာ ယူကရိန်းအတွက်ကျင်းပတဲ့ နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေးစင်မြင့်မှာ ယူကရိန်းသမ္မတနှင့် ရုရှားသမ္မတကို အိုးနင်းခွက်နင်းမှားပြောမိခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်သူဟာသူ့ရဲ့ ဒုသမ္မတ ဟာရစ်ကို ဒုသမ္မတထရမ့်လို့ထပ်မှားလိုက်ပြန်ပါတယ်။

ဝါရှင်တန်ဒီစီမှာ ဇူလိုင်၁၂ရက်က ကျင်းပတဲ့ နေတိုးထိပ်သီးအစည်းအဝေးပိတ်ပွဲမှာ ဘိုင်ဒင်က မှားပြောခဲ့တာပါ။

ဘိုင်ဒင်ဟာ အခြားသော နေတိုးခေါင်းဆောင်တွေ ၂၃ဦးရှေ့မှာ စကားတွေမှားခဲ့တာပါ။ သူဟာ ယူကရိန်းကို ဘယ်လို အကာအကွယ်ပေးရမယ်ဆိုတာကို မိနစ်များစွာပြောပြီးတဲ့နောက် ယူကရိန်းသမ္မတ ဇီလင်စကီးဘက်လှည့်ကာ  မိတ်ဆက်စကားပြောခဲ့ပါတယ်။

“အခု ကျွန်တော့်အနေနှင့် ယူကရိန်းသမ္မတကိုဖိတ်ခေါ်ပါတယ်။ သူဟာ အင်မတန်မှရဲရင့်ပြီး ပိုင်းပိုင်းဖြတ်ဖြတ် ရှိပြီးသား သူတစ်ဦးပါ။ လူကြီးမင်းများခင်ဗျား  သူကတော့ “ သမ္မတ ပူတင်ပါ” ။ သမ္မတပူတင်၊ “ လို့ မှားပြောလိုက်ပါတယ်။ အဲဒီနောက်သူဟာ မိုက်ခရိုဖုန်းရှိရာပြန်လာပြီး သူ့အမှားကိုပြန်ပြင်ဖို့ကြိုးစားပါတယ်။

“ သမ္မတဇီလင်စကီး..။ကျွန်တော်က ပူတင်ကိုအနိုင်ရဖို့ အာရုံသိပ်ထားလွန်းတာ”လို့ပြန်ပြင်ခဲ့ပါတယ်။

မိနစ်ကိုးဆယ်ကြာတဲ့အခါ ဒုတိယမြောက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်က ထပ်မှားပြန်ပါတယ်။ သတင်းထောက်တစ်ဦးက “ လိုအပ်လာလျှင့် သူ့နေရာမှာ ကင်မာလာဟာရစ်က ဝင်လုပ်ဖို့ အရည်အချင်းမီပါသလား “ မေးခဲ့တဲ့အပေါ် ဘိုင်ဒင်ကပြန်ဖြေရင်း စကားမှားသွားခဲ့တာပါ။

“ ကျွန်တော့်အနေနှင့်ဒုသမ္မထရမ့်ကို ဒုသမ္မတအဖြစ်ရွေးချယ်ခဲ့လိမ့်မှာမဟုတ်ပါဘူး။ ကျွန်တော့်အနေနှင့်တော့ သူမဟာ သမ္မတဖြစ်ဖို့အရည်အချင်းမပြည့်မီဘူးလို့ထင်တာပဲ” လို့ မှားပြောခဲ့တာဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ အဲသလိုမှားပြောတဲ့အပေါ် ချက်ခြင်းပဲ ဆိုရှယ်မီဒီယာပေါ်မှာ “ ဂျိုးရေ...လုပ်ချလိုက်တာ ကောင်းသကွာ” လို့ ရေးတင်ခဲ့ပါတယ်။

အဲသလိုနောက်ထပ်စကားပြောအမှားနစ်ခုကြောင့် သူ့ကို သမ္မတဆက်အရွေးမခံဖို့ တိုက်တွန်း တွန်းအားပေးမှုတွေ ဒီမိုကရက်တွေကြားထဲ ပိုများပြားလာနေပါတယ်။

Source: Telegraph