#World_News
Published 12 July 2024


▪️ ရုရှားပစ်မှတ်တွေကို အဝေးပစ်လက်နက်များ အသုံးပြုပြီး ပစ်ခတ်ခွင့်အား ကန့်သတ်ထားခြင်းကို လျှော့ချပေးရန် ယူကရိန်းက နေတိုး(NATO)မဟာမိတ်တွေကို တိုက်တွန်းလိုက်ပြီး ဒါဟာ ရုရှားနဲ့စစ်ပွဲမှာ အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

 

▪️ ရုရှားကို တရုတ်ထောက်ပံ့နေခြင်းအပေါ် နေတိုးပြစ်တင်ဝေဖန်နေတာဟာ ဘက်လိုက်ရာကျပြီး မနာလိုအမုန်းထားနေတာ ဖြစ်တယ်လို့ တရုတ်က ဝေဖန်လိုက်ပါတယ်။

 

▪️ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မှာကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ ယူကရိန်းကို ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကာ နောက်ထပ်အကူအညီများ ထောက်ပံ့ရေးနဲ့ နေတိုးအဖွဲ့ထဲသို့ ယူကရိန်းဝင်ရောက်နိုင်ရေးတို့အတွက် ကတိပြုခဲ့ကြပါတယ်။

 

▪️ ယခုအစည်းအဝေးမှာ ယူကရိန်းအတွက် အလှည့်အပြောင်း ဖြစ်စေဖို့ ကြိုးပမ်းနေကြကြောင်း၊ စည်းလုံးညီညွတ်မှုရဲ့အားကို ရုရှားအားပြသသွားမှာဖြစ်ကြောင်း၊ ယူကရိန်းအနေနဲ့ နေတိုးကို အားထားနိုင်ပြီဖြစ်ကြောင်း နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် ယန်းစ်စတိုလ်တန်ဘာ့ဂ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

 

▪️ မဟာမိတ်များအနေဖြင့် ယူကရိန်းကို စည်းလုံးညီညွတ်စွာ ထောက်ပံ့ခြင်းကို ထိန်းသိမ်းထားရန်နဲ့ အထောက်အပံ့အသစ်များ အလျင်အမြန် ပေးပို့ပေးရန် ယူကရိန်းသမ္မတ ဇယ်လန်စကီက တောင်းဆိုလိုက်ပါတယ်။

 

▪️ ရုရှားကတော့ ယင်းတို့လက်နက်တွေကို အကန့်အသတ်မရှိ အသုံးပြုနေသဖြင့် ယူကရိန်းမဟာမိတ်များ အနေနဲ့လည်း ယူကရိန်းကို လက်နက်အသုံးပြုခွင့် ကန့်သတ်ချက်များ ဖယ်ရှားပေးပါက စစ်ပွဲအပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ယူကရိန်းဝန်ကြီးများအဖွဲ့ ဦးစီးချုပ် အန်ဒရီယာမက်က ပြောကြားသွားပါတယ်။

 

▪️ နေတိုးအဖွဲ့ဝင်များကလည်း ယူကရိန်းကို ထောက်ပံ့ထားတဲ့ လက်နက်တွေ အသုံးပြုနိုင်အောင် နည်းလမ်းအမျိုးမျိုး အသုံးပြုနေကြပါတယ်။

 

▪️ ရုရှားနဲ့ တရုတ်ဟာ ဥရောပကို ခြိမ်းခြောက်လာတယ်လို့ ယူဆလာကြပြီး အမေရိကန်နဲ့ မဟာမိတ်တွေက ယခုအစည်းအဝေးမှာ စည်းလုံးညီညွတ်ရေး စီမံကိန်းကိုလည်း ကြိုးစားလာကြပါတယ်။

 

▪️ ရုရှားကို တရုတ်က ထောက်ပံ့ပေးနေတယ်လို့ နေတိုးက ကြေညာခဲ့ခြင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထိုကြေညာချက်ဟာ ဘက်လိုက်ရာကျပြီး မနာလိုမုန်းထားတဲ့ သဘောဖြစ်ကြောင်း ဆိုလိုက်သလို ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကလည်း ဒါဟာ စစ်အေးစိတ်ပိုင်းဆိုင်ရာ တိုက်ပွဲဖြစ်ကာ တရုတ်နဲ့ ပတ်သက်ပြီး ယင်းတို့ပြောဆိုတဲ့ အကြောင်းအရာတွေဟာ အလိမ်အညာတွေ ပြည့်နေတယ်လို့ ပြောပါတယ်။

 

▪️ ဒါ့အပြင် တရုတ်က နေတိုးရဲ့ဝေဖန်မှုတွေကို အကြိမ်ကြိမ် တုန့်ပြန်ထားကာ အင်ဒို-ပစိဖိတ်အတွင်းသို့ ချဲ့ထွင်လာခြင်းအပေါ် သတိပေးထားပါတယ်။

 

#Source: Reuters