#World_Health
Published 12 July 2024


▪️ အမေရိကန်မှာ ရောင်းချနေတဲ့ တက်တူးမင် ၃၅ ရာခိုင်နှုန်းလောက်ဟာ ဘက်တီးရီးယားတွေ ကူးစက်နေတယ်လို့ သုတေသနအသစ်တစ်ခုမှာ တွေ့ရှိထားပါတယ်။

 

▪️ ထုတ်လုပ်သူ ၁၄ ဦးထံမှ တက်တူးမင်ရည် ၇၅ မျိုးမှာ ဘက်တီးရီးယားတွေကို စမ်းသပ်တွေ့ရှိခဲ့ပါတယ်။

 

▪️ အောက်ဆီဂျင် လိုအပ်တဲ့ ဘက်တီးရီးယားတွေရော အောက်ဆီဂျင်မလိုတဲ့ ဘက်တီးရီးယားတွေရော ကူးစက်နေတာဖြစ်တယ်လို့ အမေရိကန် FDA မှ သုတေသနပြုစုသူ ပီတာကင်မ်က ပြောပါတယ်။

 

▪️ တက်တူးတွေမှာ အသုံးပြုတဲ့ မင်တွေဟာ အလှကုန်ပစ္စည်းမျိုး ဖြစ်တာကြောင့် ဆေးဝါးတွေလိုမျိုး အသိအမှတ်ပြု ရရှိဖို့မလိုပါဘူး။

 

▪️ လွန်ခဲ့တဲ့ နှစ်များအတွင်း မသန့်ရှင်းတဲ့ တက်တူးမင်တွေကနေ ရောဂါကူးစက်သူတွေ ရှိခဲ့တာကို သတင်းရရှိခဲ့တယ်လို့ FDA က ဆိုပါတယ်။

 

▪️ ကူးစက်မှုတွေကြောင့် အနာများ၊ အဖုများ၊ အမာရွတ်များပင် ဖြစ်စေပါတယ်။

 

▪️ တက်တူးမင်တွေမှာ ဘက်တီးရီးယားနဲ့ အခြားပိုးမွှားတွေ ကူးစက်နိုင်ခြေရှိတာကို ထုတ်လုပ်ဖြန့်ဖြူးသူများ သိရှိစေရန် FDA က လမ်းညွှန်ချက် ထုတ်ပြန်ခဲ့ပါတယ်။

 

▪️ လတ်တလောနှစ်တွေမှာ တက်တူးထိုးခြင်းက ခေတ်စားလာပြီး တက်တူးထိုးတာနဲ့ ပတ်သက်လို့ ဘေးထွက်ဆိုးကျိုးတွေလည်း အဖြစ်များလာပါတယ်။

 

▪️ သုတေသနဌာနတစ်ခုရဲ့ စစ်တမ်းအရ အမေရိကန်ရှိ အရွယ်ရောက်ပြီးသူ ၃၂ ရာခိုင်နှုန်းမှာ တက်တူးရှိပြီး ၂၂ ရာခိုင်နှုန်းကတော့ တက်တူးတစ်ခုထက် ပိုရှိပါတယ်။

 

▪️ ဘက်တီးရီးယား ကူးစက်မှုအပြင် ရောင်ရမ်းခြင်းများ၊ ဓာတ်မတည့်ခြင်းများနဲ့ အဆိပ်ဖြစ်ခြင်းတို့လည်း ဖြစ်တတ်ကြပါတယ်။

 

▪️ ပီတာကင်မ်နဲ့ သုတေသနအဖွဲ့က တက်တူးမင်တွေမှာ ပိုးမွှားကူးစက်မှုကို ပိုမိုထိရောက်စွာ ရှာနိုင်ဖို့ စီစဉ်နေကြပါတယ်။

 

▪️ ရောဂါကူးစက်မှု မဖြစ်ရေးအတွက် ဒီပစ္စည်းတွေကို အဆက်မပြတ် စောင့်ကြည့်ဖို့လည်း အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။

 

▪️ ဒါ့အပြင် တက်တူးထိုးခြင်းနဲ့ လင်ဖိုးမားဆိုတဲ့ သွေးကင်ဆာတစ်မျိုး ဆက်စပ်နိုင်တဲ့အကြောင်းကိုလည်း ဖော်ပြထားပါတယ်။

 

#Source: New York Post