#World_News
Published 10 July 2024


▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းကို ရုရှားကျူးကျော်မှုမှ အင်ပြည့်အားပြည့် ကာကွယ်ခုခံသွားမယ်လို့ အင်္ဂါနေ့မှာပြုလုပ်တဲ့ ဝါရှင်တန် နေတိုး(NATO)ထိပ်သီးအစည်းအဝေးမှာ ကတိပြုပြောကြားလိုက်ကာ သူဟာကမ္ဘာကို ဦးဆောင်နိုင်နေဆဲဖြစ်ကြောင်း ပြည်တွင်းနဲ့ ပြည်ပတို့မှ မဟာမိတ်များကို စင်ပေါ်ကနေ ပြသဖို့ကြိုးစားခဲ့ပါတယ်။

 

▪️ ဇွန် ၂၇ ရက်နေ့ စကားစစ်ထိုးပွဲမှာ စွမ်းဆောင်ရည်ကောင်း မပြနိုင်ခဲ့သဖြင့် အသက် ၈၁ နှစ်ရှိဘိုင်ဒင်ဟာ သူ့အသက်အရွယ်နဲ့ ပတ်သက်လို့ မေးခွန်းသံသယတွေကို ၁၂ ရက်ကြာအောင် တောင့်ခံခဲ့ရကာ လွှတ်တော်ရှိ နောက်လိုက်ဒီမိုကရက်အချို့နဲ့ စည်းရုံးရေးအလှူရှင်အချို့က နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ ဘိုင်ဒင်ရှုံးနိမ့်မှာကို စိုးရိမ်လာကြပါတယ်။

 

▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို လက်အောက်ခံဘဝသို့ သွတ်သွင်းပြီး မြေပုံကနေ ပယ်ဖျောက်ဖို့ကိုပဲ အလိုရှိနေတာဖြစ်ကာ ယူကရိန်းဟာ ပူတင်ကို ရပ်တန့်နိုင်လိမ့်မယ်လို့ ဘိုင်ဒင်က ပြောကြားသွားပါတယ်။

 

▪️ စကားစစ်ထိုးပွဲနောက်ပိုင်း ဘိုင်ဒင်အနေနဲ့ အကောင်းဆုံးမိန့်ခွန်း ပြောကြားပြီး အပြောင်းအလဲဖြစ်နိုင်ဖို့ အိမ်ဖြူတော်က မျှော်လင့်နေပေမယ့် အစည်းအဝေးမှ သံတမန်အချို့ကတော့ အဆိုပါ စကားစစ်ထိုးပွဲတုန်းက စွမ်းဆောင်ရည်နိမ့်ကျခဲ့တာကို ပယ်ဖျောက်ရန် ခက်ခဲမယ်လို့ ဆိုကြပါတယ်။

 

▪️ အင်္ဂါနေ့က ဘိုင်ဒင်ဟာ ယုံကြည်မှုရှိပြီး ပြတ်သားခိုင်မာတဲ့ လေသံဖြင့် ပြောဆိုနိုင်ခဲ့ပြီး စကားစစ်ထိုးပွဲတုန်းကလိုမျိုး စကားလုံးတွေရှုပ်ထွေးနေတာမျိုး မရှိခဲ့ပါဘူး။

 

▪️ သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင်မှုကနေ လက်လျှော့ဖို့ တောင်းဆိုနေကြတာတွေကို ဘိုင်ဒင်က ငြင်းဆန်လိုက်ကာ ရွေးကောက်ပွဲမှာ အနိုင်ယူသွားမယ်လို့ ကြုံးဝါးသွားပါတယ်။

 

▪️ ဘိုင်ဒင်ဟာ သူ့ပါတီအဓိကလူတွေထံမှ ထောက်ခံမှုအများစုကို ရရှိထားဆဲဖြစ်ပါတယ်။

 

▪️ နေတိုးအဖွဲ့ဝင်တွေ စစ်ရေးတိုက်ခိုက်ခံရလာရင် ဘိုင်ဒင်က ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ထရမ့်ကဆိုပြီး ရုရှားနဲ့စစ်ပွဲအတွင်း ယူကရိန်းကို ထောက်ပံ့ကူညီမှုပေးနေတဲ့ အတိုင်းအတာကိုလည်း မေးခွန်းထုတ်လိုက်ပါတယ်။

 

▪️ နေတိုးအစည်းအဝေးရဲ့ အဓိကရည်မှန်းချက်က ယူကရိန်းကို စစ်ရေးနဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ ကူညီသွားဖို့ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။

 

▪️ အစည်းအဝေးပွဲမှာ ဘိုင်ဒင်က မဟာမိတ်တွေ ပြည်တွင်းရေးတွေရဲ့ ထောက်ပံ့မှုကို စည်းရုံးဖို့ကြိုးစားခဲ့ပေမယ့် ဥရောပထိပ်သီး အရာရှိအများအပြားက ထရမ့်နိုင်ငံခြားရေးမူဝါဒအကြံပေးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။

 

#Source: Reuters