#World_Health
Published 10 July 2024


▪️ ဒီမန်ရှာရောဂါဆိုတာဟာ နေ့စဉ်နေထိုင်မှုဘဝကိုပါ ထိခိုက်စေသည်အထိ ဦးနှောက်လုပ်ဆောင်ချက်တွေ ကျဆင်းလာတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

 

▪️ ထိုထဲမှာ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ စဉ်းစားခြင်း ပြဿနာဖြေရှင်းခြင်း ပြောဆိုခြင်းတို့မှာ အခက်အခဲဖြစ်လာခြင်း၊ စိတ်အခြေအနေနဲ့ အပြုအမူ ပြောင်းလဲခြင်းတို့ ပါဝင်ပါတယ်။
ဒီရောဂါဟာ အသက်အရွယ်၊ မျိုးဗီဇတို့ကြောင့် ဖြစ်တတ်ပြီး အချို့သော အစားအစာများဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

 

(၁) အစိမ်းရောင်ဟင်းရွက်များ
▪️ ကိုက်လံ၊ ဟင်းနုနွယ်၊ မုန်ညင်းစိမ်းတို့လို အစိမ်းရောင်ဟင်းရွက်တွေမှာ ဗိုက်တာမင်-ကေ၊ အီး၊ ဖောလိတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ကာ ဦးနှောက်ထဲက ရောင်ရမ်းဓာတ်တိုးခြင်းကို လျှော့ချပေးပါတယ်။

 

(၂) ဘယ်ရီသီးများ
▪️ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီတို့ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

 

(၃) အခွံမာသီးများ
▪️ ယင်းတို့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီများ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗိုက်တာမင်-အီးတို့ ကြွယ်ဝကာ ဦးနှောက်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

 

(၄) ဖက်တီးအက်ဆစ်ပါသောငါးများ
▪️ ဆယ်လ်မွန်၊ ငါးကွမ်းရှပ်၊ ငါးသေတ္တာတို့မှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ပါဝင်ပြီး ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်ကာ ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။

 

(၅) ဂျုံစပါးမျိုးများ
▪️ ဆန်ညို၊ ပေါင်မုန့်ကြမ်း၊ အုတ်ဂျုံတို့ဟာ အမျှင်ဓာတ်များ၊ ဗိုက်တာမင်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းသိမ်းပေးပါတယ်။

 

(၆) သံလွင်ဆီ
▪️ မပြည့်ဝဆီများနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝကာ ဓာတ်တိုးဖိစီးခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကို လျှော့ချပေးပါတယ်။

 

(၇) နနွင်း
▪️ နနွင်းမှာပါတဲ့ ကာကူမင်ဒြပ်ပေါင်းက ဦးနှောက်ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိများ ပါဝင်ပါတယ်။

 

(၈) ချောကလက်မည်း
▪️ ဖလေဗိုနွိုက်၊ ကဖင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ ဦးနှောက်လုပ်ဆောင်ချက် တိုးတက်စေပြီး ဦးနှောက်ချို့ယွင်းခြင်းမှ ကာကွယ်ပေးပါတယ်။

 

(၉) လက်ဖက်စိမ်း
▪️ သူ့မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဦးနှောက်လုပ်ဆောင်ချက်ကို တိုးတက်စေကာ အာရုံကြောချို့တဲ့ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

 

#Source: DoctorNDTV