#World_News
Published 09 July 2024


▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သမ္မတရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်ရေးအတွက် စည်းရုံးရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်သွားမယ်လို့ အခိုင်အမာ ပြောကြားလိုက်ကာ ဘိုင်ဒင်အခုလို နိုဝင်ဘာလ ၅ ရက်နေ့ရွေးကောက်ပွဲအတွက် မရမကယှဉ်ပြိုင်နေခြင်းက ယင်းတို့ပါတီအနေနဲ့ အိမ်ဖြူတော်နဲ့ ကွန်ဂရက်လွှတ်တော်တို့ကို ဆုံးရှုံးရစေနိုင်တယ်ဆိုပြီး လွှတ်တော်အဆောက်အအုံမှ ဒီမိုကရက်အချို့နဲ့ အလှူရှင်အချို့ စိုးရိမ်နေကြတာတွေကို ငြင်းပယ်လိုက်ပါတယ်။

 

▪️ အသက် ၈၁ နှစ်ရှိ ဘိုင်ဒင်က သူ့ရဲ့စွမ်းရည်ကို သံသယရှိတယ်လို့ ယူဆတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဩဂုတ်လမှာ ကျင်းပမယ့် ဒီမိုကရက်တစ် အမျိုးသားညီလာခံမှာ စိန်ခေါ်နိုင်တယ်လို့ ဆိုလိုက်ကာ ဒါဟာ ဘိုင်ဒင်ယခုနှစ်အတွင်း အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကို ထည့်သွင်းစဉ်းစားခွင့် မပေးဘူးဆိုရင် ဖြစ်နိုင်ခွင့်မရှိတဲ့ အနေအထားပါ။

 

▪️ ဇွန် ၂၇ ရက်နေ့ ဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ ဘိုင်ဒင်အခြေအနေ မကောင်းခဲ့ဘဲ ပြန်လည်ကာကွယ်ဖို့ စည်းရုံးရေးဆင်းနေခဲ့ကာ ယခုရက်သတ္တပတ်များအတွင်း ဝေဖန်ခံနေရပါတယ်။

 

▪️ လွှတ်တော်ဒီမိုကရက်အမတ် အများအပြားက ဘိုင်ဒင်ရဲ့ အသက်အရွယ်နဲ့ စွမ်းဆောင်ရည်တွေကို ပူပန်နေကြကာ ရွေးကောက်ပွဲမှ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

 

▪️ ဒီမိုကရက်တစ် ကိုယ်စားလှယ် အဒမ်စမစ်က ဘိုင်ဒင်အနေနဲ့ ထိုစကားစစ်ထိုးပွဲပြီးနောက်ပိုင်း တုန့်ပြန်ပုံတွေ လက်ခံနိုင်စရာ မရှိဘဲ အနားယူသင့်ပြီလို့ အပြင်းအထန် ပြောကြားလာပါတယ်။

 

▪️ တိုင်းပြည်မှာ အမြင့်ဆုံးတာဝန်ယူထားတဲ့သူအနေနဲ့ ဖိအားဝန်ထုပ်တွေကို ခံနိုင်ရည် ရှိရမှာဖြစ်ပြီး သမ္မတဘိုင်ဒင်ကတော့ ဒီဖိအားကို ဆက်လက်မခံယူနိုင်တော့တာ သိသာနေပါတယ်လို့ ပြောသွားပါတယ်။

 

▪️ ဘိုင်ဒင် သမ္မတရွေးကောက်ပွဲ ဝင်မှာနဲ့ပတ်သက်ပြီး ယခုသီတင်းပတ်အတွင်း အသေအချာ ဆွေးနွေးသွားမယ်လို့ ဒီမိုကရက် နံပါတ်-၂ အထက်လွှတ်တော်အမတ် ဒစ်ဒါဘင်က သတင်းထောက်တွေကို ပြောသွားပါတယ်။

 

▪️ ဘိုင်ဒင်အတွက် ဖြေရှင်းချက်တစ်မျိုးအနေဖြင့် စည်းရုံးရေးဆင်းစဉ် မဲဆန္ဒရှင်တွေရဲ့ရှေ့မှာ ဘိုင်ဒင်ကို လက်တန်းစကားတွေ ပိုမိုပြောပြခိုင်းရမယ်လို့ ဒီမိုကရက်တစ် အမတ်အချို့က ဆိုပါတယ်။

 

▪️ စကားရည်လုပွဲမှာ ဘိုင်ဒင်ကောင်းစွာ မငြင်းခုန်နိုင်တာဟာ အာရုံကြောရောဂါတစ်မျိုးမျိုး ခံစားနေရတာကြောင့်လားလို့ မေးခွန်းထုတ်လာကြပါတယ်။

 

▪️ အချို့အမတ်တွေကတော့ ဘိုင်ဒင်သမ္မတရွေးကောက်တာကို ထောက်ခံနေဆဲဖြစ်ပြီး တိုင်းပြည်မှ လူသန်းပေါင်းများစွာက မဲပေးရွေးချယ်ခဲ့ကြတာ ဖြစ်တယ်လို့ ကိုယ်စားလှယ် စတီဗင်ဟော်စ်ဖော့ဒ်က ပြောပါတယ်။

 

#Source: Reuters