#World_Health
Published 09July 2024


▪️ အရက်ကို စွဲလမ်းစွာသောက်သုံးခြင်းသည် ခန္ဓာကိုယ် ဇီဝသက်တမ်းကို လျင်မြန်စွာ အိုမင်းရင့်ရော်စေကြောင်း ကိုဘီဆေးတက္ကသိုလ်မှ သုတေသီများက မျိုးဗီဇအမှတ်အသားများကို လေ့လာပြီး တွေ့ရှိခဲ့ကြပါတယ်။

 

▪️ အရက်ကို မသောက်ရ မနေနိုင်တာဟာ နာတာရှည်ရောဂါများ ပိုမိုဆိုးရွားစေပြီး စောစီးစွာ သေဆုံးစေပါတယ်။
ကမ္ဘာတဝှမ်းမှာ အရက်ကြောင့် လူပေါင်း ၂ သန်းခွဲခန့် နှစ်စဉ်သေဆုံးနေကြရပါတယ်။

 

▪️ အရက်အလွန်အကျွံ သောက်သုံးသူတွေဟာ ခန္ဓာကိုယ်အနှံ့ အင်္ဂါများကို ထိခိုက်စေတဲ့အပြင် ဦးနှောက်အထိပါ သက်ရောက်နိုင်ပါတယ်။

 

▪️ DNA ပုံစံတစ်မျိုးဖြစ်တဲ့ မျိုးဗီဇအမှတ်အသားတွေကနေ ဇီဝသက်တမ်းရင့်ရော်ခြင်းကို အဓိကထား လေ့လာခဲ့ကြပါတယ်။

 

▪️ ထိုအမှတ်အသားတွေကို လေ့လာခြင်းဖြင့် ကျန်းမာရေးရလဒ် အမျိုးမျိုးနဲ့ ရောဂါဘယ အခြေအနေများကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

 

▪️ ဒီအတွက် အရက်စွဲလမ်းသူ ၂၄ ဦးနဲ့ ကျန်းမာသူ ၂၃ ဦးထံမှ နမူနာများ ရယူခဲ့ပါတယ်။

 

▪️ သွေးနမူနာထဲမှာ အဓိကအားဖြင့် CD3+ T ဆဲလ်ဆိုတဲ့ ရောဂါခုခံအားဆဲလ်တွေကို ရယူခဲ့တာဖြစ်ပါတယ်။

 

▪️ ဒီအချက်အလက်တွေကို အသုံးပြုပြီး မျိုးဗီဇအမျိုးအစား ၆ မျိုးကို တွက်ချက်ခဲ့ကြပါတယ်။

 

▪️ ထိုအခါမှာ အရက်စွဲလမ်းသူတွေက ကျန်းမာသူတွေထက် ဇီဝသက်တမ်းရင့်ရော်မှု ပိုမိုမြန်ဆန်နေကြောင်း တွေ့ရှိခဲ့ပါတယ်။

 

▪️ ထိုသက်တမ်းဆိုတာဟာ ခန္ဓာကိုယ်ထဲက နှလုံးသွေးကြော၊ ဇီဝကမ္မဖြစ်စဉ်၊ ကျောက်ကပ်၊ အဆုတ်၊ အသည်း၊ ခုခံအားစနစ်စတဲ့ လုပ်ဆောင်ချက်တွေကို တိုင်းတာအခြေခံတာ ဖြစ်ပါတယ်။

 

▪️ ထိုကဲ့သို့ ဇီဝဆိုင်ရာ အမှတ်အသားတွေကို ပြောင်းလဲခြင်းဖြင့်လည်း အရက်စွဲလမ်းမှုရဲ့ သက်ရောက်မှုတွေကို ကုသနိုင်ခြေ ရှိနေပါတယ်။

 

#Source: PsyPost