#World_Politics
Published 06 July 2024


▪️ ဗြိတိန်ဝန်ကြီးချုပ်အသစ် ဖြစ်လာတဲ့ ကီယာစတားမားက အပြတ်အသတ် မဲအနိုင်ရရှိခဲ့တာနဲ့အတူ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားမယ်လို့ သောကြာနေ့က ကတိပြုလိုက်ကာ နှစ်ပေါင်းများစွာတိုင်အောင် ဆူပူအုံကြွတာတွေ၊ ပဋိပက္ခတွေ ဖြစ်ပြီးနောက် နိုင်ငံရေးဖိအားတွေကို လျှော့သွားချင်တယ်လို့ ဆိုလိုက်ပါတယ်။

 

▪️ ကွန်ဆာဗေးတစ်အစိုးရ ၁၄ နှစ်အုပ်ချုပ်ခဲ့ပြီးနောက် စတားမားရဲ့ အလုပ်သမားပါတီက လွှတ်တော်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တာဖြစ်ကာ တွေ့ကြုံလာရမယ့် အခက်အခဲ ဘယ်လောက်ကြီးမားလဲဆိုတာကို သိရှိထားတယ်လို့ စတားမားက နံပါတ်(၁၀)ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးနေအိမ်အပြင်ဘက်ကနေ ပြောကြားသွားပါတယ်။



▪️ တိုးတက်ရေးမှန်သမျှက အချိန်ယူရမှာဖြစ်ပြီး အရင်ဆုံး နိုင်ငံရေးမှာ ယုံကြည်မှုရအောင် ပြန်လည်တည်ဆောက်ဖို့ လိုအပ်ကြောင်း သတိပေးလိုက်ပါတယ်။

 

▪️ အခုလို မယုံကြည်တာတွေကို စကားလုံးတွေနဲ့တင် မဟုတ်ဘဲ လုပ်ရပ်တွေနဲ့သာ ပြန်ဖြေရှင်းရမှာဖြစ်ကြောင်း ဆိုပါတယ်။

 

▪️ စတားမားကို ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြပြီး မိန့်ခွန်းမပြောခင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။

 

▪️ ကွန်ဆာဗေးတစ်တွေ လက်ထက်မှာ အရှုပ်တော်ပုံတွေ ဖြစ်ပြီးနောက် ပြည်သူတွေက နိုင်ငံရေးကို အမြင်မှားလာကြတာ သဘောပေါက်ထားတယ်လို့လည်း ပြောပါတယ်။

 

▪️ ကြာသပတေးနေ့ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်တွေ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာဟာ ဗြိတိန်နိုင်ငံသားတွေက ပြောင်းလဲစတင်မှုကို အလိုရှိနေကြပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ စတားမားက ပြောပါတယ်။

 

▪️ ဗဟို-လက်ဝဲရောက် အလုပ်သမားပါတီက လွှတ်တော်နေရာ ၆၅၀ ဖြင့် မဲအပြတ်အသတ် အနိုင်ရခဲ့ကာ ဝန်ကြီးချုပ်ဟောင်း ရီရှီဆူနက်ခ်ကတော့ ‌သောကြာနေ့နံနက်မှာ ရာထူးမှနုတ်ထွက်ခဲ့ပါတယ်။

 

▪️ ဗြိတိန်မှာ မူဝါဒလမ်းစဉ်တွေကြောင့် ဝန်ပိနေတာမျိုးမရှိတဲ့ အစိုးရမျိုး ဖြစ်စေရမယ်လို့ ဆိုပါတယ်။

 

▪️ ရီရှီဆူနက်ခ်ရဲ့ ကွန်ဆာဗေးတစ်တွေက သမိုင်းတလျှောက် အဆိုးရွားဆုံး မဲပေးမှုရရှိခဲ့ပြီး ယင်းတို့လက်ထက် နေထိုင်စရိတ် မြင့်မားလာခြင်း၊ အများပြည်သူ ဝန်ဆောင်မှုစနစ်များ ကျဆင်းလာခြင်း၊ အရှုပ်တော်ပုံများ ကြုံတွေ့လာရခြင်းတို့ကြောင့် မဲပေးသူတွေက မဲမပေးကြတော့တာ ဖြစ်ပါတယ်။

 

▪️ စတားမားအစိုးရအဖွဲ့ထဲမှာ ရေချယ်ရိဗ်စ်က ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီးဘဏ္ဍာရေးဝန်ကြီး ဖြစ်လာကာ အိန်ဂျလာရေနာက လက်ထောက်ဝန်ကြီးချုပ်၊ ဒေးဗစ်လမ်မီက နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပါတယ်။

 

▪️ အလုပ်သမားပါတီက လွန်ခဲ့တဲ့ ၃ နှစ်လောက်က ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရာကနေ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တာ ဖြစ်တယ်လို့ ထောက်ခံသူများနဲ့ ဝေဖန်ရေးများက ဆိုခဲ့ကြပါတယ်။

 

#Source: Reuters