#World_Health
Published 07 July 2024


▪️ ဆေးခြောက်ပင် အသုံးပြုခြင်းဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြင်းထန်စေနိုင်ဖွယ်ရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

 

▪️ ကိုဗစ်ပြင်းထန်စွာ ဖြစ်ပွားနိုင်ခြေ များစေတဲ့အထဲမှာ ဆေးခြောက်သုံးစွဲခြင်းလည်း ပါဝင်တယ်လို့ JAMA Network ဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

▪️ မစ်ဆူရီနဲ့ အီလီနွိုက်တို့ရှိ BJC HealthCare ဆေးရုံဆေးခန်းများမှ အချက်အလက်များကို ရယူခဲ့ပါတယ်။

 

▪️ ထိုအခါမှာ ဗိုင်းရပ်စ်မကူးစက်ခင်နှစ်တွေမှာ ဆေးခြောက်ကို တစ်နည်းနည်းသုံးစွဲထားသူတွေက ဆေးရုံတက်ရောက်ကုသမှုနှုန်း ပိုများနေခဲ့ပါတယ်။

 

▪️ ဆေးခြောက်ပင်ဟာ သုံးစွဲရန် ဘေးကင်းစိတ်ချရပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့လို ကျန်းမာရေးမထိစေဘူးလို့ အများကထင်ကြကြောင်း စိတ်ကျန်းမာရေးဆရာဝန် ပရော်ဖက်ဆာ လီရွှန်ချန်းက ဆိုပါတယ်။

 

▪️ ကိုဗစ်မကူးစက်ခင် ဆေးခြောက်သုံးစွဲခဲ့သူတွေဟာ ဆေးရုံတက်ကုသခံယူရမှု ၈၀ ရာခိုင်နှုန်းနဲ့ အထူးကြပ်မတ် ကုသရမှု ၂၇ ရာခိုင်နှုန်း ပိုမိုလိုအပ်ခဲ့ပါတယ်။

 

▪️ ဆေးလိပ်သောက်ခြင်းကတော့ ကိုဗစ်ကူးစက်တဲ့အခါ ပို၍ပင် အသက်အန္တရာယ်ပိုများပါတယ်။

 

▪️ ဆေးရွက်ကြီးသောက်ခြင်းက ကိုဗစ်ကြောင့် ဆေးရုံတက်ကုသမှုနှုန်း ၇၂ ရာခိုင်နှုန်းနဲ့ အထူးကြပ်မတ်ကုသမှုနှုန်း ၂၂ ရာခိုင်နှုန်း ပိုမိုလိုအပ်ခဲ့ပါတယ်။

 

▪️ ဆေးခြောက်က ကိုဗစ်ပိုမိုဆိုးရွားစေတဲ့ အကြောင်းအရင်းကတော့ ဆေးခြောက်ရှူတဲ့အခါ အဆုတ်တစ်ရှူးကို ထိခိုက်စေတာကြောင့် ဖြစ်နိုင်ပါတယ်။

 

▪️ ဆေးခြောက်ပင်က ကျန်းမာရေးအတွက် ကောင်းတယ်လို့ အထောက်အထားတွေလည်း ရှိထားပေမယ့် ယခုလေ့လာချက်က တကယ့်လက်တွေ့ အချက်အလက်တွေကို အချိန်ကြာမြင့်စွာ လေ့လာထားတာ ဖြစ်ပြီး သေချာအတည်ပြုထားတာ ဖြစ်ပါတယ်။

 

▪️ ဆေးခြောက်ရွက်ကို ဝါးစားတာကလည်း ခန္ဓာကိုယ်ခုခံအားကို နိမ့်ကျစေပြီး ဗိုင်းရပ်စ်ကို မတိုက်ထုတ်နိုင်ဘူးလို့ သုတေသီများက ဆိုပါတယ်။

 

#Source: The Jerusalem Post