#World_News
Published 06 July 2024


▪️ အလုပ်မလုပ်တော့တဲ့ ရုရှားဂြိုဟ်တုတစ်လုံးဟာ ပျက်စီးပြီး ပတ်လမ်းကြောင်းအတွင်း အစအနပေါင်း ၁၀၀ ကျော် လွင့်စင်ထွက်ခဲ့တာကြောင့် နိုင်ငံတကာ အာကာသစခန်းမှာ အာကာသယာဉ်မှူးများ တစ်နာရီခန့် ပုန်းခိုနေခဲ့ရကြောင်း အမေရိကန် အာကာသအေဂျင်စီများက ဖော်ပြလိုက်ပါတယ်။

 

▪️ ၂၀၂၂ ခုနှစ်က ရုရှားတို့ဘက်က အလုပ်မလုပ်တော့ဘူးလို့ ကြေညာခဲ့တဲ့ Resurs-P1 ရုရှားစောင့်ကြည့်ရေး ဂြိုဟ်တု ကျိုးပျက်ခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ သတင်းမရသေးပါဘူး။

 

▪️ အခြားဂြိုဟ်တုတွေတော့ ခြိမ်းခြောက်မှုမရှိခဲ့ဘူးလို့ အမေရိကန် အာကာသကွပ်ကဲရေးက ဆိုလိုက်ပါတယ်။
အာကာသစခန်းနဲ့နီးစပ်တဲ့ ပတ်လမ်းကြောင်းမှာ ကျိုးပျက်ခဲ့တာဖြစ်ပြီး အမေရိကန် အာကာသယာဉ်မှူးတွေ တစ်နာရီနီးပါးခန့် ပုန်းခိုခဲ့ရတယ်လို့ နာဆာအာကာသစခန်းရုံးက ဆိုပါတယ်။

 

▪️ ဂြိုဟ်တုအသေးကနေ အကြီးစားအထိ ဂြိုဟ်တုပေါင်းထောင်ဂဏန်းခန့်ရှိတဲ့ ပတ်လမ်းကြောင်းမှာ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

 

▪️ အပျက်အစီး အစအနတွေ ပတ်လမ်းကြောင်းအနိမ့်မှာ ရှိတာကြောင့် အန္တရာယ်ကင်းဖို့ ရက်သတ္တပတ် လတွေအထိ ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

 

▪️ အပျက်အစီးတွေနဲ့ ဂြိုဟ်တုတွေ ပွတ်တိုက်မိခြင်းဖြင့် အန္တရာယ်ဇုံဖြစ်ပေါ်နိုင်ပါတယ်။

 

▪️ ရုရှားဘက်ကနေ ဂြိုဟ်တုကို ဒုံးကျည်ဖြင့် ပစ်ခတ်တာမျိုး မရှိခဲ့ဘူးလို့ အာကာသခြေရာခံစောင့်ကြည့်သူ ဂျိုနသန်မက်ဒေါင်ဝဲလ်က ပြောပါတယ်။

 

▪️ ဥပမာအားဖြင့် အာကာသယာဉ်ထဲက လက်ကျန်လောင်စာတွေ ပေါက်ကွဲပြီး ပျက်စီးတာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

 

#Source: WION