#World_Health
Published 06 July 2024


▪️ အလုပ်စားပွဲမှာဖြစ်ဖြစ် အိမ်ကထိုင်ခုံမှာဖြစ်ဖြစ် အချိန်ကြာမြင့်စွာ ထိုင်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ပေမယ့် ကော်ဖီပုံမှန်သောက်ခြင်းဖြင့် ထိုပြဿနာကို လျှော့ချနိုင်ဖွယ် ရှိပါတယ်။

 

▪️ အမေရိကန်မှာ လူပေါင်း ၁ သောင်းကျော်ကို လေ့လာခဲ့ရာမှာ ကော်ဖီနေ့စဉ်သောက်သူတွေက တစ်နေ့ကို ၆ နာရီ‌ကျော် ထိုင်ခြင်းကြောင့် ဖြစ်နိုင်တဲ့အန္တရာယ်တွေကနေ ကာကွယ်နိုင်ဖွယ်ရှိပါတယ်။

 

▪️ လေ့လာချက်အရ အထိုင်များပြီး ကော်ဖီသောက်သူတွေဟာ ကော်ဖီမသောက်သူတွေထက် ၁၃ နှစ်ကာလအတွင်း အကြောင်းတစ်ခုခုကြောင့် သေဆုံးနိုင်ခြေ ၁.၅၈ ဆပိုနည်းပါတယ်။

 

▪️ တရုတ်ပြည် ဆူချောင်တက္ကသိုလ်မှ သုတေသီများ လေ့လာရာမှာ အထိုင်များတဲ့ နေထိုင်ပုံစံနဲ့ နှလုံး‌သွေးကြောရောဂါများကြောင့် သေဆုံးခြင်းတို့ကြား ဆက်စပ်မှုကို ကော်ဖီသောက်ခြင်းက ချေဖျက်နိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

 

▪️ လေ့လာသူတွေထဲမှာ တစ်နေ့ကို ၈ နာရီကျော် ထိုင်သူတွေဟာ တစ်နေ့ကို ၄ နာရီအောက် ထိုင်သူတွေထက် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေ ပိုများပါတယ်။

 

▪️ ကော်ဖီကို ပုံမှန်သောက်သူတွေကတော့ ထိုကဲ့သို့ သေဆုံးနိုင်ခြေ နည်းပါးခဲ့ပါတယ်။

 

▪️ ကော်ဖီက ဘာကြောင့် ဒီလိုကာကွယ်မှုမျိုး ပေးသလဲဆိုတာ သေချာမသိရပေမယ့် ယခင်သုတေသနတွေမှာ ကော်ဖီသောက်ခြင်းက အသက်ရှည်ခြင်းနဲ့ ဆက်စပ်နေပါတယ်။

 

▪️ ကဖင်းဓာတ်က ဆီးချိုနဲ့ နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေလျှော့ချပေးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်ပါတယ်။

 

#Source: India Today