#World_Politics
Published 05 July 2024


▪️ ဗြိတိန်ပါလီမန် ရွေးကောက်ပွဲမှာ လေဘာပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရနေသဖြင့် ကီယာစတားမားက ဝန်ကြီးချုပ်အသစ် ဖြစ်လာမှာဖြစ်ပြီး ရီရှီဆူနက်ခ်ရဲ့ ကွန်ဆာဗေးတစ်တွေကတော့ သမိုင်းတွင် ရှုံးနိမ့်သွားမယ်လို့ မဲပေးသူများရဲ့ ထင်မြင်ပြောကြားချက်များအရ သိရပါတယ်။

 

▪️ အလယ်-လက်ဝဲယိမ်း လေဘာပါတီဟာ ပါလီမန်ရှိ နေရာ ၆၅၀ ထဲက ၄၁၀ ကို ရရှိထားပြီး ၁၄ နှစ်တာစိုးမိုးထားတဲ့ ကွန်ဆာဗေးတစ် အစိုးရကို ဖြုတ်ချနိုင်တော့မှာ ဖြစ်ပါတယ်။

 

▪️ အခုဆိုရင် ပြည်သူတွေဟာ ပြောင်းလဲဖို့အတွက် အသင့်ဖြစ်နေကြကြောင်း၊ ပြည်သူ့အကျိုး ထမ်းဆောင်တဲ့ နိုင်ငံရေးအဖြစ် ပြန်လည်ရောက်ရှိတောမှာ ဖြစ်ကြောင်း စတားမားက လန်ဒန်မှာ အနိုင်ရပြီးနောက် ပြောကြားလိုက်ပါတယ်။

 

▪️ စတားမားအနေနဲ့ တိုင်းပြည်ရဲ့ အခက်အခဲတွေကို ရင်ဆိုင်သွားရမှာဖြစ်ကာ စီးပွားရေးဆုတ်ယုတ်နေခြင်း၊ အများပြည်သူ ဝန်‌ဆောင်မှုများ ယိုယွင်းနေခြင်း၊ နေထိုင်ရေးအခြေအနေ ကျဆင်းနေခြင်းတို့ကို ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။

 

▪️ ရီရှီဆူနက်ပါတီလက်ထက်မှာ နေထိုင်စရိတ် မြင့်မားခြင်း၊ မတည်မငြိမ်ဖြစ်နေခြင်း၊ အတိုက်အခံများခြင်းတို့ကြောင့် မဲပေးသူများဟာ အလိုမရှိကြတော့ဘဲ ပါလီမန်မှာ ၁၃၁ နေရာသာ ရရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

 

▪️ ရလဒ်များအရ လေဘာပါတီက နေရာ ၂၀၀ ကျော်သေချာနေပြီး လစ်ဘရယ်ဒီမိုကရက်တွေက ကွန်ဆာဗေးတစ်တွေဆီကနေ အသာရနေပြီး ယူကေပြန်လည်ပြုပြင်ရေးပါတီက နေရာတော်တော်များများမှာ ကွန်ဆာဗေးတစ်တွေထက် မဲတွေပိုမိုရရှိထားကာ နိုင်ပွဲ ၄ ခုရရှိထားပါတယ်။

 

▪️ လေဘာပါတီဟာ လွန်ခဲ့တဲ့ ၃ နှစ်ကမှ ပါတီပြိုကွဲလုနီးပါး ဖြစ်ခဲ့ပေမယ့် ကွန်ဆာဗေးတစ်တွေရဲ့ အရှုပ်တော်ပုံတွေကြောင့် ပြန်လည်ဦးမော့လာတာ ဖြစ်ပါတယ်။

 

▪️ ကွန်ဆာဗေးတစ်ပါတီဟာ အကြံဉာဏ်ကုန်နေပြီဖြစ်ပြီး ရှုံးထိုက်ပါတယ်လို့ ဂရက်စ်ရုစ် ကွန်ဆာဗေးတစ်အဖွဲ့အစည်းမှ ဥက္ကဌ အက်ဒ်ကော့စတယ်လိုက ပြောပြသွားပါတယ်။

 

#Source: Reuters