#World_Health
Published 05 July 2024


▪️ ပလတ်စတစ်ဗူးတွေထဲက ဓာတုပစ္စည်းတစ်မျိုးဟာ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ခြေများစေနိုင်ဖွယ် ရှိတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။

 

▪️ ပလတ်စတစ် ရေသန့်ဗူးလိုမျိုး ထုပ်ပိုးထားတဲ့ သောက်စရာတွေနဲ့ စားစရာတွေမှာ ဘိုင်စဖီနောလ်-အေ  (BPA)ပါဝင်ပြီး အင်ဆူလင်ကို တုန့်ပြန်မှုလျော့နည်းစေတယ်လို့ သုတေသနမှာ တွေ့ရှိခဲ့ပါတယ်။

 

▪️ ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲရှိ ဆဲလ်တွေက အင်ဆူလင်ကို တုန့်ပြန်သိရှိကာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

 

▪️ အင်ဆူလင်ကို တုန့်ပြန်သိရှိမှု အားနည်းသွားမယ်ဆိုရင် သွေးတွင်းသကြားဓာတ် မြင့်တက်လာပြီး ဆီးချိုရောဂါ ဖြစ်လာနိုင်ပါတယ်။

 

▪️ ဗူးတွေနဲ့ စားစရာထုပ်ပိုးမှုတွေမှာ BPA ဘေးကင်းတဲ့ ပမာဏပါဝင်ဖို့ကို ပြန်လည်သုံးသပ်သွားဖို့ တင်ပြသွားမှာ ဖြစ်ပါတယ်။

 

▪️ ကယ်လီဖိုးနီးယား ပိုလီတက်ခ်နစ် ပြည်နယ်တက္ကသိုလ်မှ သုတေသီများက ကျန်းမာသူအယောက် ၄၀ ကို BPA ၅၀ မိုက်ခရိုဂရမ်ဖြင့် စမ်းသပ်တဲ့အဖွဲ့နဲ့ အာနိသင်မရှိတဲ့ အရာဖြင့် စမ်းသပ်တဲ့အဖွဲ့ခွဲကာ စမ်းသပ်ခဲ့ကြပါတယ်။

 

▪️ ၄ ရက်ကြာပြီးနောက် BPA ဖြင့်စမ်းသပ်ခံတဲ့လူတွေမှာ အင်ဆူလင်ကို တုန့်ပြန်သိရှိမှု အားနည်းသွားခဲ့ပါတယ်။

 

▪️ ဒါကြောင့် လက်ရှိ BPA ဘေးကင်းစိတ်ချရတဲ့ ပမာဏသတ်မှတ်ချက်ကို ပြန်သုံးသပ်သင့်ပြီလို့ သုတေသီများ ဆိုလိုက်ပါတယ်။

 

▪️ ဒီအန္တရာယ်ကို လျှော့ချဖို့အတွက် BPA မပါတဲ့ ပစ္စည်းတွေကို အစားထိုးသုံးစွဲဖို့ အကြံပြုထားပါတယ်။

 

▪️ ပလတ်စတစ်ဗူးတွေဟာ အသုံးပြုရလွယ်ကူပေမယ့် ပါဝင်တဲ့ ဓာတုပစ္စည်းတွေက ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။



▪️ ပလတ်စတစ်ဗူးတွေကို နေရောင်ထဲမှာထားလိုက်ရင် အန္တရာယ်ရှိ ဓာတုပစ္စည်းများ ထွက်စေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

 

▪️ ဒါကြောင့် ဒီဓာတုပစ္စည်းတွေကို ထိတွေ့မှုနည်းအောင် စည်းမျဉ်းတွေ ပိုမိုထိန်းချုပ်ဖို့ လိုတယ်လို့ အကြံပြုလိုက်ပါတယ်။

 

#Source: India Today