#World_News
Published 04 July 2024


▪️ ၂၀၀၈-၂၀၀၉ ခုနှစ်တုန်းက အမေရိကန်မှာ စီးပွားရေးဆုတ်ယုတ်ဘေး ဖြစ်ခဲ့တာ အကင်းမသေသေးသလို ကိုဗစ်-၁၉ ကာလစီးပွားရေး ဆုတ်ယုတ်မှုကလည်း နောက်ထပ်ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

 

▪️ ဘဏ္ဍာရေးနဲ့ စီးပွားရေးဈေးကွက်များ မတည်မငြိမ်ဖြစ်ရတဲ့အတွက် စိုးရိမ်ပူပန်စရာတွေ အခုဆိုရင် ထပ်မံပေါ်ပေါက်လာပါတယ်။

 

▪️ အမေရိကန်စတော့ဈေးကွက်ဟာ ရှေ့ဆက်ပြီး မတည်မငြိမ် ဖြစ်ဦးမယ်လို့ ကနေဒါ ရင်းနှီးမြှုပ်နှံမှု သုတေသန အဖွဲ့အစည်း BCA Research က ခန့်မှန်းလိုက်ပါတယ်။

 

▪️ စီးပွားရေးဟာ ယခုနှစ် ဒါမှမဟုတ် ၂၀၂၅ အစောပိုင်းလောက်မှာ ဆုတ်ယုတ်လာလိမ့်မယ်လို့ BCA Research ကမ္ဘာလုံးဆိုင်ရာ ဗျူဟာမှူးချုပ် ပီတာဘရဲဇင်က သတိပေးလိုက်ပါတယ်။

 

▪️ အမေရိကန်ရှိ ထိပ်သီးကုန်သွယ်ရေးကုမ္ပဏီ ၅၀၀ ရဲ့ စတော့ဈေးကွက် အခြေအနေ ယိုင်ညွှန်းကိန်းကိုပြတဲ့ S&P 500 ဇယားမှာ ၃၇၅၀ သို့ ကျဆင်းသွားနိုင်ကာ ဒါဟာ လက်ရှိအနေအထားကနေ ၃၀ ရာခိုင်နှုန်း ကျဆင်းမယ့်သဘော ဖြစ်ပါတယ်။

 

▪️ အလုပ်သမားဈေးကွက်က လာမယ့်လများအတွင်း သိသိသာသာ နှေးကွေးသွားမှာဖြစ်ပြီး စီးပွားရေး တိုးတက်မှုရဲ့ အဓိကတွန်းအားဖြစ်တဲ့ ဝယ်ယူသူသုံးစွဲမှုအပေါ် အကြီးအကျယ် သက်ရောက်မှာဖြစ်တယ်လို့ ဘရဲဇင်က ယုံကြည်နေပါတယ်။

 

▪️ ငွေကြေးဖောင်းပွခြင်းနဲ့ အလုပ်လက်မဲ့ အခြေအနေကြား ဆက်စပ်မှုကို ဖိလစ်အခြေပြဇယားဖြင့် တိုင်းတာပါတယ်။

 

▪️ ၂၀၂၂ နဲ့ ၂၀၂၃ တို့မှာ အမေရိကန် စီးပွားရေးဆုတ်ယုတ်မှု မဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းက စီးပွားရေးဟာ ဖိလစ်အခြေပြဇယားရဲ့ မတ်စောက်တဲ့ ဘက်ခြမ်းအတိုင်း လည်ပတ်နေခဲ့တာကြောင့် ဖြစ်ကြောင်း၊ အလုပ်သမား ထောက်ပံ့ရေးဇယားသာ ထောင်လိုက်နီးပါး ဖြစ်သွားရင် လုပ်အားလိုအပ်ချက် အားနည်းသွားကာ လုပ်ခလစာ တိုးတက်မှု ကျဆင်းသွားပြီး အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးသွားမှာဖြစ်ပါတယ်။

 

▪️ တရုတ်နဲ့ ဥရောပတို့မှာလည်း စီးပွားရေးဖွံ့ဖြိုးမှု သိသိသာသာ နှေးသွားနိုင်သလို ကမ္ဘာ့နေရာ အနှံ့အပြားမှာ စီးပွားရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်တယ်လို့လည်း ဘရဲဇင်က ခန့်မှန်းလိုက်ပါတယ်။

 

▪️ ထိုကနေ ကမ္ဘာ့စီးပွားရေး ယုတ်လျော့လာနိုင်ပြီး နိုင်ငံတကာ စတော့ဈေးကွက်များအပေါ် ဖိအားပိုများလာနိုင်ပါတယ်။

 

#Source: NDTV