#World_Health
Published 03 July 2024
▪️ အပင်အခြေပြု အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ယူဆထားကြပေမယ့် ထိုအစားအစာတွေကို အဆင့်ဆင့်ထုတ်လုပ်ထုပ်ပိုးထားတဲ့ ပေါင်မုန့်ထုပ်တွေ၊  ကွတ်ကီးတွေ၊ အာလူးကြော်ထုပ်တွေ၊ အချို့သောအချိုရည်တွေကတော့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

 

▪️ အစားအစာ အမျိုးမျိုးပါဝင်ပြီး အသားကြီးတွေ အဆင့်ဆင့်ထုပ်ပိုးစာတွေ အနည်းငယ်သာပါတဲ့ မက်ဒီတာရေနီးယန်း စားသောက်ပုံစံကတော့ ကျန်းမာရေးပညာရှင်တွေကလည်း ထောက်ခံထားပြီး ကျင့်ကြံစားသုံးသူတွေ တဖြည်းဖြည်း များလာပါတယ်။

 

▪️ နိုင်ငံတကာ သုတေသီအဖွဲ့တစ်ခုက အပင်အခြေပြု အဆင့်ဆင့်ထုပ်ပိုးထားတဲ့ အစားအစာတွေရဲ့ ကျန်းမာရေးထိခိုက်စေပုံကို လေ့လာခဲ့ရာ ယူကေဘိုင်အိုဘဏ် လေ့လာချက်မှ အသက် ၄၀-၆၉ နှစ်ကြားရှိတဲ့ လူပေါင်း ၁၁၈၃၉၇ ဦးရဲ့ အချက်အလက်တွေကို ၉ နှစ်ကြာအောင် စောင့်ကြည့်လေ့လာခဲ့ပါတယ်။

 

▪️ သူတို့ရဲ့ စားသောက်ပုံစံများအပြင် ဆေးရုံတက်ကုသမှုတွေ၊ အသက်ဆုံးပါးမှုတွေကိုပါ ထည့်သွင်းလေ့လာခဲ့ပါတယ်။
အစားအစာတွေကို အပင်အခြေပြု အစားအစာနဲ့ အသားအခြေပြု အစားအစာဆိုပြီး အဖွဲ့ခွဲလိုက်ကာ ထိုတစ်ဖွဲ့ချင်းစီကိုမှ အဆင့်ဆင့်ထုပ်ပိုးထားတဲ့ အဖွဲ့နဲ့ အဆင့်ဆင့် မပြုလုပ်ထားတဲ့အဖွဲ့ဆိုပြီး ထပ်မံခွဲခြားလိုက်ပါတယ်။

 

▪️ အပင်အခြေပြု အဆင့်ဆင့်ထုပ်ပိုးထားတဲ့ စားစရာတွေက နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ ၅ ရာခိုင်နှုန်းနဲ့ အရွယ်မတိုင်ခင် သေဆုံးခြင်း ၁၂ ရာခိုင်နှုန်း ပိုများတာနဲ့ ဆက်စပ်နေကြောင်း ဖော်ပြခဲ့ပါတယ်။

 

▪️ ဒါပေမဲ့ အပင်အခြေပြု သာမန်အစားအစာတွေကတော့ နှလုံးသွေးကြောရောဂါနဲ့ အသက်အန္တရာယ်ပိုင်းမှာ ဆက်စပ်မှု အထောက်အထားတော့ မတွေ့ခဲ့ကြပါဘူး။

 

▪️ ဒါကြောင့် အပင်အခြေပြု သဘာဝအစားအစာတွေက အန္တရာယ်မဖြစ်စေဘဲ အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အစားအစာအားလုံးကတော့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေမြင့်မားတယ်လို့ ကောက်နုတ်ခဲ့ကြပါတယ်။

 

▪️ လေ့လာချက်ထဲက အပင်အခြေပြု အစားအစာတွေထဲမှာ ပေါင်မုန့်ထုပ်တွေ၊ အချိုရည်တွေ၊ မုန့်တွေ ပါဝင်ပါတယ်။
WHO အချက်အလက်များအရ နှလုံးသွေးကြောရောဂါကြောင့် နှစ်စဉ်ကမ္ဘာတဝှမ်းမှာ ၁၈ သန်းနီးပါး သေဆုံးနေပါတယ်။

 

#Source: The Star