#World_Technology
Published 03 July 2024


▪️ တော်ဝင်မဲလ်ဘုန်း နည်းပညာတက္ကသိုလ်(RMIT)မှ သုတေသီများက ရွှံ့စေးကို စွန့်ပစ်ဖန်များ၊ မီးသွေးမှုန်များဖြင့် ရောစပ်ပြီး စွမ်းအင်ချွေတာ အုတ်ခဲများကို ဖန်တီးလိုက်ပါတယ်။

 

▪️ ဒီအုတ်တွေဟာ စွမ်းအင်အလွန်ကုန်ကျတဲ့ ရွှံ့တူးလုပ်ငန်းများဖြင့် သမားရိုးကျ အုတ်ထုတ်လုပ်ရေးရဲ့ ဆိုးကျိုးတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

 

▪️ သမားရိုးကျ အုတ်ထုတ်လုပ်ရေးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် အများအပြား ထုတ်လုပ်ပြီး လေထုညစ်ညမ်းစေပါတယ်။

 

▪️ စွမ်းအင်ချွေတာ အုတ်တွေကတော့ RCF စွန့်ပစ်ပစ္စည်းတွေကိုသာ မှီခိုထုတ်လုပ်ရပါတယ်။

 

▪️ ပြန်လည်အသုံးချခြင်း လုပ်ငန်းစဉ်မှ ဖန်အစအန ၉၂ ရာခိုင်နှုန်းကို ကြွေပစ္စည်းများ၊ ပလတ်စတစ်၊ စက္ကူ၊ ပြာမှုန်များဖြင့် ထုတ်လုပ်ထားပါတယ်။

 

▪️ ကမ္ဘာ့စွန့်ပစ်ပစ္စည်း ပြဿနာကိုလည်း လျော့ပါးစေနိုင်ပြီး မြေကြီးဖို့လာတဲ့ ဝန်ထုပ်ကိုလည်း လျှော့ချနိုင်မှာ ဖြစ်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။

 

▪️ အဆိုပါ စွမ်းအင်ချွေတာ အုတ်တွေဟာ အပူကို ကြာရှည်ထိန်းထားနိုင်ပြီး ပျံ့နှံ့လွယ်ပါတယ်။

 

▪️ ဒါကြောင့် အပူချိန်နည်းနည်းဖြင့် ထုတ်လုပ်နိုင်ပြီး သာမန်အုတ်ထုတ်လုပ်ခြင်းထက် စွမ်းအင် ၂၀ ရာခိုင်နှုန်း သက်သာစေမှာ ဖြစ်ပါတယ်။

 

▪️ မီတာခ ဒေါ်လာထောင်ပေါင်းများစွာ သက်သာစေပြီး မီးဖိုတွေကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။

 

▪️ အုတ်ထုတ်လုပ်သူတွေသာ မဟုတ်ဘဲ အုတ်တွေက အပူထိန်းသိမ်းခြင်းနဲ့ စုပ်ယူခြင်းမှာ ထိရောက်တာကြောင့် နွေရာသီမှာ အေးမြစေပြီး ဆောင်းရာသီမှာ နွေးထွေးစေမှာ ဖြစ်ပါတယ်။

 

▪️ စမ်းသပ်ချက်များအရ စွမ်းအင်ချွေတာ အုတ်တွေအသုံးပြုတဲ့ တစ်ထပ်အိမ်တွေဟာ သာမန်အုတ်အသုံးပြုတဲ့ အိမ်တွေထက် မီတာခ ၅ ရာခိုင်နှုန်း ပိုမိုသက်သာမှာ ဖြစ်ပါတယ်။

 

▪️ RCF စွန့်ပစ်ပစ္စည်းသုံးပြီး ၉၅၀ ဒီဂရီဆဲလ်စီးယပ်စ်မှာ ထုတ်လုပ်ထားတဲ့ အုတ်တွေက မျှော်မှန်းထားတာထက် စံချိန်စံညွှန်းသာလွန်ခဲ့ပြီး ဆောက်လုပ်ရေးမှာ ခိုင်ခံ့မှုရှိတာကို တွေ့ခဲ့ရပါတယ်။

 

▪️ RMIT သုတေသီများက စွမ်းအင်ချွေတာအုတ် ထုတ်လုပ်ပုံရရှိဖို့ အချိန် ၄ နှစ် ကြာခဲ့ပါတယ်။

 

▪️ အခုအချိန်မှာ ထိုအုတ်တွေကို အသုံးပြုနိုင်ပြီဖြစ်ပေမယ့် ဓာတ်ခွဲခန်းမှာသာ အကန့်အသတ်ဖြင့် ထုတ်လုပ်နိုင်သေးပြီး အများအပြား ထုတ်လုပ်ဖို့ကတော့ စဉ်းစားရဦးမှာဖြစ်ပါတယ်။

 

#Source: ARS TECHNICA