#World_News
Published 02 July 2024


▪️ အမေရိကန်တရားရုံးချုပ်က ချမှတ်တဲ့ သမ္မတအမှုကင်းလွတ်ခွင့်ဟာ သမ္မတတွေ ရှင်ဘုရင်ကဲ့သို့ ဖြစ်လာစေနိုင်တဲ့ အန္တရာယ်ရှိ အစဉ်အလာဖြစ်ပြီး အမေရိကန်ပြည်သူများအနေဖြင့် နိုဝင်ဘာလရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကို ငြင်းပယ်ပြီး သဘောမတူကြောင်း ငြင်းဆန်ကြရန် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆိုလိုက်ပါတယ်။

 

▪️ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်က နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမတိုင်မီ ထရမ့်အနေဖြင့် အမှုစစ်ဆေးမခံရတဲ့ အခြေအနေ ဖြစ်လာနိုင်ပြီး အမေရိကန်သမ္မတွေ ရှင်ဘုရင်ဖြစ်လာနိုင်စေတယ်လို့ ဘိုင်ဒင်က အိမ်ဖြူတော်ကနေ သတိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

▪️ ထရမ့်ဟာ သမ္မတဖြစ်စဉ်တုန်းက အခြေခံဥပဒေစည်းမျဉ်းများအတွင်း ပြုလုပ်ခဲ့တာတွေအတွက် တရားစွဲဆိုမခံရနိုင်ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

▪️ ဒီပြည်ထောင်စုဟာ ဘုရင်စနစ်တွေနဲ့ အခြေခံထားတာ မဟုတ်ကြောင်း၊ လူတိုင်းလူတိုင်းဟာ ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှ ရှိနေကြောင်း၊ ဘယ်သူမှ ဥပဒေအထက်မှာ ရှိမနေကြောင်း ဘိုင်ဒင်က ပြောပြပါတယ်။

 

▪️ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ သမ္မတတစ်ယောက် လုပ်ကိုင်နိုင်စွမ်းနဲ့ ပတ်သက်ပြီး အကန့်အသတ်မရှိ ဖြစ်လာစေနိုင်တယ်လို့ ပြောပါတယ်။

 

▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ထရမ့်နဲ့ စကားရည်လုပွဲမှာ ဘိုင်ဒင်သေချာယှဉ်မပြောနိုင် ဖြစ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

▪️ စကားရည်လုပွဲမှာ ပိုင်ပိုင်နိုင်နိုင် မပြောနိုင်ခဲ့တာကြောင့် ရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်ပြီး နောက်ထပ် ၄ နှစ်အုပ်ချုပ်နိုင်ပါ့မလားဆိုတာကို လူအများမေးခွန်းထုတ်လာကြပါတယ်။

 

▪️ ဒီစည်းမျဉ်းအပေါ် သဘောမတူငြင်းဆန်ကြဖို့ ဖော်ပြထားတဲ့ တရားသူကြီး ဆိုနီယာဆိုတိုမိုင်ယာရဲ့ သဘောထားကို ထောက်ခံကြောင်း၊ အမေရိကန်ပြည်သူတွေလည်း ငြင်းဆန်ကြသင့်ကြောင်း ဘိုင်ဒင်က ပြောသွားပါတယ်။

 

▪️ အခုဆိုရင် အမေရိကန် လွှတ်တော်အဆောက်အအုံကို လူအုပ်ကြီးဝင်ရောက်သောင်းကျန်းစေခဲ့တဲ့ လူက ရာဇဝတ်မှုစွပ်စွဲချက်ဖြင့် ရင်ဆိုင်နေရမှာဖြစ်ကြောင်း၊ အမေရိကန်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမလာခင် အဖြေသိကြားခွင့်ရှိကြောင်း ပြောသွားပါတယ်။

 

#Source: Reuters