#World_Health
Published 02July 2024


▪️ ခါးနာခါးကိုက်ခဲခြင်းဟာ အဖြစ်များလေ့ရှိတဲ့ ဝေဒနာတစ်ခုဖြစ်ပြီး အထူးသဖြင့် အချိန်ကြာမြင့်စွာ ထိုင်လေ့ရှိသူတွေမှာ ဖြစ်ကြပါတယ်။

 

▪️ ခါးနာခြင်းဝေဒနာကနေ ပြန်လည်သက်သာသူတွေထဲက ၇၀ ရာခိုင်နှုန်းလောက်ဟာ တစ်နှစ်အတွင်း ထပ်မံဖြစ်ပွားတတ်တယ်လို့ လေ့လာချက်တစ်ခုမှာ သိရပါတယ်။

 

▪️ ဒီရောဂါအကြောင်း သိရှိထားခြင်းနဲ့ လမ်းလျှောက်ခြင်းတို့ ပေါင်းစပ်ထားတဲ့ အစီအစဉ်ဖြင့် ခါးကိုက်ခြင်းဝေဒနာ ပြန်ဖြစ်နိုင်ခြေ လျှော့ချနိုင်တယ်လို့ ဖော်ပြထားပါတယ်။

 

▪️ လေ့လာချက်ပြုလုပ်ရာမှာ မကြာမီကမှ ခါးကိုက်ဝေဒနာကနေ သက်သာလာတဲ့ လူ ၇၀၁ ယောက်ကို စမ်းသပ်ခဲ့ကြပြီး အချို့ကို လမ်းလျှောက်ခြင်းနဲ့ အသိပညာပေး အစီအစဉ်မှာ ပါဝင်စေခဲ့ကာ ကျန်လူတွေကို ဘာကုသနည်းမှ မပြုလုပ်ခဲ့ပါဘူး။

 

▪️ ကုသနည်းမှာပါဝင်တဲ့ လူတွေကို ကျွမ်းကျင်သူများဖြင့် ကြပ်မတ်ကာ ၆ လအတွင်း လူနာတစ်ဦးချင်းစီရဲ့ လိုအပ်ချက်များအတိုင်း လမ်းလျှောက်တဲ့ အစီအစဉ်တွေ ပြုလုပ်ပေးခဲ့ပါတယ်။

 

▪️ ဒါ့အပြင် တိုးတက်မှုတွေကို စောင့်ကြည့်ပြီး ဖြစ်လာသမျှ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းပေးခဲ့ပါတယ်။

 

▪️ တစ်နေ့ကို မိနစ် ၃၀ ခန့်ဖြင့် တစ်ပတ်ကို ၅ ကြိမ်လျှောက်ခိုင်းစေခဲ့ပြီး စမ်းသပ်မှုအစီအစဉ်ပြီးတဲ့အခါမှာလည်း ဆက်လျှောက်ရန် တိုက်တွန်းခဲ့ပါတယ်။

 

▪️ ခါးနာခါးကိုက်ခြင်း ပြန်ဖြစ်ခြင်းရှိမရှိ သိရှိဖို့အတွက် အချိန် ၃ နှစ်အထိ စောင့်ကြည့်ခဲ့ကြရာ ကုသမှုအစီအစဉ်အတိုင်း ခံယူခဲ့ကြတဲ့လူတွေဟာ ခါးကိုက်ဝေဒနာ ပြန်ခံစားရနိုင်ခြေ ၂၈ ရာခိုင်နှုန်းနဲ့ စောင့်ရှောက်ကုသခံယူမှု လိုအပ်ချက် ၄၃ ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။

 

▪️ ခါးကိုက်ဝေဒနာ ကင်းဝေးတဲ့အချိန်လည်း ပိုကြာရှည်ပြီး စောင့်ရှောက်ကုသဖို့အတွက် ကုန်ကျစရိတ်လည်း ပိုသက်သာခဲ့ပါတယ်။

 

▪️ လမ်းလျှောက်ခြင်းက ခါးနာခါးကိုက်ဝေဒနာအတွက် အထောက်အကူ ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး သေချာမသိရှိရပေမယ့် ဖြည်းဖြည်းချင်း ရွေ့လျားခြင်း၊ ကျောရိုးမဖွဲ့စည်းမှုများနဲ့ ကြွက်သားများ သန်မာစေခြင်း၊ စိတ်ပြေလျော့စေခြင်း၊ ဖိအားလျော့စေခြင်း၊ နာကျင်မှုကို သက်သာစေတဲ့ အင်ဒေါ်ဖင်းဟော်မုန်းများ ထွက်စေခြင်းတို့တော့ ပါဝင်နေပါတယ်။

 

#Source: India Today