#World_Health
Published 1 July 2024


▪️ အသက် ၉၀ အရွယ် အဘိုးတစ်ဦးဟာ ရှားပါး​ရောဂါတစ်မျိုး ခံစားနေရပြီး သူ့ရဲ့အစာအိမ်က ရင်ဘတ်သို့ တွန်း​ရောက်နေကာ အသက်ရှူခြင်းနဲ့ အစာအစားခြင်းတို့ ပြုလုပ်ရာမှာ ခက်ခဲနေပါတယ်။

 

▪️ စားလိုက်တိုင်း အော့အန်နေပြီး ရင်ဘတ်မှာ အောင့်နာခြင်းမျိုး ခံစားရပါတယ်။

 

▪️ နောက်ဆုံးမှာ အောင့်နာမှာကြောက်ပြီး အစားမစားတော့တာကြောင့် ၁၁ ရက်အတွင်း ၅ ကီလိုဂရမ် ကိုယ်အလေးချိန် ကျသွားပါတယ်။

 

▪️ ဆာဂမ်ဂါရမ်ဆေးရုံမှ ဆရာဝန်များက သူ့ကို အူကျွံတယ်လို့ ဆိုခဲ့ပြီး ခွဲစိတ်မှုလုပ်ခဲ့ပါတယ်။

 

▪️ မှန်ပြောင်းဖြင့် ကြည့်ရှုရာမှာ အစာအိမ် တစ်စိတ်တစ်ပိုင်းက ရင်ဝမ်းခြားကြွက်သားရှိ အပေါက်တစ်ခုကနေ ရင်ဘတ်သို့ တွန်းထွက်နေပြီး အဆုတ်တွေကို ဖိနေကာ  လက္ခဏာပြင်းထန်စေတာ ဖြစ်ပါတယ်။

 

▪️ ဒီလိုအူကျွံတာမျိုးက ကုသမှု မလိုအပ်တတ်ပေမယ့် လူနာရဲ့ အသက်အရွယ်နဲ့ လက္ခဏာတွေကြောင့် ခွဲစိတ်မှု လိုအပ်လာပါတယ်။ 

 

▪️ အူကျွံတဲ့နားတဝိုက်မှာ ပြန်လည်ဖာထေးတာတွေ လုပ်ခဲ့ရပြီး ရင်ဝမ်းခြားကြွက်သားကို ပိတ်လိုက်ရကာ အစာအိမ်ကို ဝမ်းခေါင်းမှာ ပြန်ထားခဲ့ပါတယ်။

 

▪️ ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့အပြင် အလျင်အမြန် ​ရောဂါသက်သာလာပြီး လမ်းလျှောက်နေပြီ ဖြစ်ပါတယ်။

 

#Source: India Today