#World_Health
Published30 June 2024


▪️ အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေနိုင်မယ့် အင်မ်ဇိုင်းတစ်မျိုးကို သုတေသီများ တွေ့ရှိလာပါတယ်။

 

▪️ ဖက်တီးအက်ဆစ်တွေနဲ့ ဂလစ်ဆရောလ်တို့လို အဆီဘေးထွက်ပစ္စည်းတွေဟာ ပျမ်းမျှနေထိုင်သက်တမ်း တိုစေနိုင်ပြီး နာတာရှည်ရောဂါတွေ ပိုဖြစ်နိုင်တယ်လို့ ကောက်ချက်ချကြပါတယ်။

 

▪️ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ရာမှာ ADH-1 အင်မ်ဇိုင်းက ထိုပစ္စည်းတွေပမာဏကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

 


▪️ ဖက်တီးအက်ဆစ်တွေဟာ ခန္ဓာကိုယ် မရှိမဖြစ် လုပ်ဆောင်ချက်များအတွက် လိုအပ်ပေမယ့် များလွန်းရင်တော့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။

 

▪️ ဗာဂျီးနီးယားတက္ကသိုလ် ဆဲလ်ဇီဝဗေဒဌာနမှ တွဲဖက်ပရော်ဖက်ဆာ အိုင်လင်းဂျော်ဂျလီနာအိုရော့ခ်နဲ့ သုတေသီအဖွဲ့က အန္တရာယ်ဖြစ် အဆီပစ္စည်းများ လျှော့ချခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းဖြစ်စဥ်နဲ့ ရောဂါဘယဖြစ်ခြင်းတို့ ကင်းဝေးစေနိုင်မလားဆိုတာကို လေ့လာချင်ခဲ့ပါတယ်။

 

▪️ နောက်ဆုံးမှာတော့ ADH-1 လှုပ်ရှားခြင်းဖြင့် ဂလစ်ဆရောလ်ပမာဏကို လျော့ကျစေတယ်လို့ သုံးသပ်ရပါတယ်။

 

▪️ တီကောင်တွေကို ဂလစ်ဆရောလ်ထည့်ထားတဲ့ အစားအစာများ စားသုံးစေရာမှာ ပျမ်းမျှနေထိုင်သက်တမ်း ၃၀ ရာခိုင်နှုန်း လျော့သွားတာကို တွေ့ရှိရပါတယ်။

 

▪️ ADH-1 ပိုမိုထုတ်လုပ်တဲ့ တီကောင်တွေမှာတော့ ဂလစ်ဆရောလ် ပိုမိုနည်းပါးကာ သက်ရှည်ကျန်းမာပြီး ကိုယ်အလေးချိန် သိပ်မတက်ကြပါဘူး။

 

▪️ နောက်ထပ် ရည်မှန်းချက်ကတော့ ကြွက်တွေနဲ့ လူတွေမှာပါ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို လေ့လာသွားဖို့ ပရော်ဖက်ဆာရော့ခ်က ပြောသွားပါတယ်။

 

#Source: WION