#World_News
Published 29 June 2024


▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပြိုင်ဘက် ဒေါ်နယ်ထရမ့်ကို အနိုင်ရဖို့ ရည်မှန်းထားကာ ယှဥ်ပြိုင်မှုကနေ အလျှော့ပေးဖို့ စိတ်ကူးမရှိဘူးလို့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။

 

▪️ ဒီမတိုင်ခင် စကားစစ်ထိုးပွဲမှာ ဘိုင်ဒင်ရဲ့အသံက အားလျော့လာပုံ ပေါက်တာကြောင့် နောက်လိုက်ဒီမိုကရက်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါရတယ်။

 

▪️ အရင်ကလို လမ်းလျှောက်ဖို့ မလွယ်ကူတော့ကြောင်း၊ အရင်ကလို စကားကို ချောချောမွေ့မွေ့ မပြောနိုင်တော့ကြောင်း၊ အရင်ကလို စကားရည်မလုနိုင်တော့ကြောင်း၊ ဒီအလုပ်ကို မလုပ်နိုင်တော့ဘူးထင်ရင်  ထပ်ပြိုင်မှာမဟုတ်ကြောင်း ပြောသွားပါတယ်။

 

▪️ စကားရည်လုပွဲမှာ ဘိုင်ဒင်ရဲ့ ပြောဆိုပုံအမှားတွေ၊ တောင်ရောက်မြောက်ရောက် ပြောဆိုပုံတွေက မဲပေးမယ့်သူတွေအတွက် စိုးရိမ်စရာဖြစ်လာကာ ဒီမိုကရက်တွေအနေနဲ့လည်း ကိုယ်စားလှယ်လောင်း နောက်တစ်ဦးနဲ့ အစားထိုးဖို့ ဖြစ်လာနိုင်ပါတယ်။

 

▪️ ဘိုင်ဒင်ရဲ့ အသက်အရွယ်နဲ့ ပတ်သက်ပြီး နောက်ထပ်သမ္မတရာထူး ထပ်မံတာဝန်ယူခိုင်းဖို့ကို သံသယဖြစ်လာသူတွေ ရှိလာပါတယ်။

 

▪️ ဒါပေမဲ့ သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဘာရက်အိုဘားမား အပါအဝင် ဒီမိုကရက်ပါတီမှ ဝါရင့်ပုဂ္ဂိုလ်အများစုကတော့ ဘိုင်ဒင်ဘက်ကနေ ရပ်တည်နေကြပါသေးတယ်။

 

▪️ စကားစစ်ထိုးပွဲမှာ အခြေအနေဆိုးခဲ့တာ မှန်ပေမယ့် ဒီရွေးကောက်ပွဲဟာ ဘဝတလျှောက်လုံး သာမန်ပြည်သူတွေအတွက် အလုပ်လုပ်ပေးခဲ့သူနဲ့ ကိုယ့်အတွက်သာ ကြည့်တတ်တဲ့သူတို့ကြား ရွေးချယ်ရမှာဖြစ်တယ်လို့ သမ္မတဟောင်း ဘာရက်အိုဘားမားက X ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

 

▪️ နယူးယော့ခ်တိုင်းမ် အက်ဒီတာအဖွဲ့ကတော့ ဘိုင်ဒင်အနေနဲ့ အခုအချိန်မှာ ပြည်သူတွေအတွက် သယ်ပိုးချင်တယ်ဆိုရင် ရွေးကောက်ပွဲ ထပ်မံမယှဥ်ပြိုင်ဖို့ ကြေညာရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

▪️ အမေရိကန်သမိုင်းမှာ ဘိုင်ဒင်က အသက်အကြီးဆုံးသမ္မတအဖြစ် မှတ်တမ်းဝင်နေပြီဖြစ်ပေမယ့် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံမှုတွေ အလုံအလောက် ရရှိထားပါတယ်။

 

▪️ ဘိုင်ဒင်မယှဥ်ပြိုင်ဖြစ်တော့ရင် နောက်ထပ် ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်ဖို့ အချိန် ၂ လတောင် မကျန်တော့ပါဘူး။

 

#Source: Reuters