#World_News
Published 28 June 2024


▪️ အမေရိကန် အိုကလာဟိုမာပြည်နယ်မှ ပညာရေးဌာနက ပြည်နယ်ရှိ ဆရာဆရာမအားလုံးအနေဖြင့် စာသင်ခန်းတိုင်းမှာ ခရစ်ယာန်သမ္မာကျမ်းစာ ထားရှိရန်နဲ့ ထိုကျမ်းစာထဲကနေ သင်ကြားပေးရန် ညွှန်ကြားလိုက်ကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

 

▪️ ဒါဟာ ဘာသာရေးကမကထပြုလုပ်ခြင်းက အခြေခံဥပဒေနဲ့ မညီဘူးလို့ သတ်မှတ်ထားတဲ့ အမေရိကန် တရားရုံးချုပ်စည်းမျဥ်းများကို စိန်ခေါ်ရာကျနေပါတယ်။

 

▪️ အိုကလာဟိုမာ အများပြည်သူဆိုင်ရာ ညွှန်ကြားရေးရုံးမှ ကြီးကြပ်ရေးမှူး ရိုင်ယန်ဝေါလ်တာက ပညာရေးဌာန ဘုတ်အဖွဲ့အစည်းအဝေးမှာ ထိုအမိန့်ကို ချက်ချင်းဆောင်ရွက်ဖို့ ကြေညာခဲ့ပြီး ခရစ်ယာန်ပညတ်တော် ဆယ်ပါးကို အထူးဂရုပြုသင်ကြားရမယ်လို့ ဆိုခဲ့ပါတယ်။

 

▪️ အိုကလာဟိုမာပြည်နယ်မှ ကျောင်းသားအားလုံး သမိုင်းကြောင်းကို နားလည်စေရန်အတွက် စာသင်ခန်းတိုင်းမှာ သမ္မာကျမ်းစာရှိရမှာဖြစ်ပြီး ဆရာတိုင်းက သင်ကြားရမှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

 

▪️ ဂျူးဘာသာနဲ့ ခရစ်ယာန်ဘာသာတို့ရဲ့ အထွတ်အမြတ် သမ္မာကျမ်းစာတွေဟာ  အနောက်တိုင်းယဥ်ကျေးမှုရဲ့ အခြေခံအုတ်မြစ် မှတ်တမ်းမှတ်ရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

 

▪️ အမေရိကန် အခြေခံဥပဒေ ပထမပြင်ဆင်ချက်မှာ ပြည်နယ်တစ်ခုအနေဖြင့် ဘာသာရေးတစ်မျိုးမျိုးကို အထောက်အပံ့ပေးခြင်းမှ တားမြစ်ထားပါတယ်။

 

▪️ ဝေါလ်တာရဲ့ အမိန့်ပေးချက်ဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘဲ ကျောင်းတွေဟာ ယင်းတို့စာသင်ခန်းတွေထဲမှာ ဘယ်စာအုပ်တွေ ထားရမလဲဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ အိုကလာဟိုမာ ဆရာများသမဂ္ဂအဖွဲ့က ပြောပါတယ်။

 

▪️ ဘာသာရေးထဲမှာပါတဲ့ သမိုင်းဝင်အကြောင်းအရာတွေကို သင်ကြားတာက လက်သင့်ခံစရာဖြစ်ပေမယ့် ဘာသာရေးဩဝါဒအကြောင်း သင်တာကတော့ လက်ခံစရာမရှိဘူးလို့ ထိုအဖွဲ့အစည်းက ပြောပါတယ်။

 

#Source: Reuters