#World_Health
Published 28 June 2024


▪️ ဗိုက်တာမင် အားဖြည့်ဆေးတွေ သုံးစွဲခြင်းဖြင့် ပျမ်းမျှနေထိုင်သက်တမ်း မြင့်မားလာစေမှာ မဟုတ်ဘူးလို့ လေ့လာချက်တွေမှာ တွေ့ရှိထားကြပါတယ်။

 

▪️ ဗိုက်တာမင်အားဆေးများ ပုံမှန်သောက်သုံးနေသူတွေဟာ မသောက်တဲ့သူတွေနဲ့ ယှဥ်ရင် အသက်သေဆုံးနိုင်ခြေ ဘာမှမထူးခြားဘူးလို့ ဖော်ပြထားကြပါတယ်။

 

▪️ ဗိုက်တာမင်မျိုးစုံ ဖြည့်စွက်ဆေးတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဗိုက်တာမင်ဓာတ်များနဲ့ သတ္တုဓာတ်များ ပါဝင်ပြီး ဗိုက်တာမင်-အေ၊ စီ၊ ဒီ၊ အီး၊ ကေ၊ ဘီအမျိုးမျိုး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်၊ မန်းဂနိစ်တို့ ပါဝင်လေ့ရှိပါတယ်။

 

▪️ ဗိုက်တာမင်အားဆေးများ အသုံးပြုဖြစ်တဲ့ အကြောင်းအရင်းတွေထဲမှာ ကျန်းမာရေး တိုးတက်စေခြင်း၊ နာတာရှည်ရောဂါ ကာကွယ်ပေးနိုင်ခြင်း၊ အထူးသဖြင့် အသက်အန္တရာယ် လျော့ပါးခြင်း စတာတွေကို ယုံကြည်ကြလို့ ဖြစ်ပါတယ်။

 

▪️ သုတေသီတွေက ကျန်းမာပြီး ကင်ဆာမဖြစ်ဖူးတဲ့ အမေရိကန်လူမျိုး ၄ သိန်းကို နှစ် ၂၀ လောက်လေ့လာခဲ့ရာမှာ ဗိုက်တာမင် ဖြည့်စွက်ဆေးများ အသုံးပြုခြင်းနဲ့ အသက်အန္တရာယ် သေဆုံးမှုနှုန်း နည်းပါးခြင်းတို့ကြား ဆက်စပ်မှုမရှိတာကို တွေ့ရှိခဲ့ကြပါတယ်။

 

▪️ ဒါပေမဲ့ အသက်အရွယ်ကြီးတဲ့သူတွေက ဗိုက်တာမင်ဓာတ်တွေ လိုအပ်လာသဖြင့် ဖြည့်စွက်ဆေး စတင်သုံးစွဲဖို့ လိုအပ်လာနိုင်ပါတယ်။

 

#Source: WION