#World_News
Published 27 June 2024


▪️ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့မှ စီးပွားကူးသန်းဝန်ကြီးများဟာ AI ဘေးကင်းလုံခြုံရေး၊ တင်ပို့ကုန်ထိန်းချုပ်ရေး၊ စိမ်းလန်းသန့်စင်စွမ်းအင် ထုတ်လုပ်ရေး၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့ရေးကွင်းဆက်များ အပါအဝင် ဗျူဟာမြောက်ကိစ္စရေးရာတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဗုဒ္ဓဟူးနေ့မှာ ကတိပြုလိုက်ကြပါတယ်။

 

▪️ ‘‘ဒီအတွက် အားလုံးဟာ နှစ်ဆကြိုးပမ်းအားထုတ်နေကြပါတယ်’’ လို့ အမေရိကန် စီးပွားကူးသန်းဝန်ကြီး ဂျီနာရေမွန်ဒိုက ဝါရှင်တန်မှာ ပြုလုပ်တဲ့ အစည်းအဝေးပွဲအစမှာ ပြောကြားသွားပါတယ်။

 

▪️ ဒီ ၃ နိုင်ငံဟာ ထုတ်လုပ်ရေးပိုင်း၊ ဝန်ဆောင်မှုပိုင်း၊ နည်းပညာပိုင်း၊ တီထွင်ဆန်းသစ်မှုပိုင်းတွေမှာ ဦးဆောင်နေကြတာကြောင့် ဒီနိုင်ငံတွေရဲ့ အကျိုးစီးပွား အတွက်သာမက တစ်ကမ္ဘာလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက်ပါ အတူတကွ လုပ်ဆောင်ကြရမယ်လို့ ပြောပြသွားပါတယ်။

 

▪️ အစည်းအဝေးပွဲမှာ ရေမွန်ဒိုအပြင် ဂျပန်နဲ့ တောင်ကိုရီးယား စီးပွားကူးသန်း ဝန်ကြီးများဖြစ်တဲ့ ကင်ဆိုင်တိုနဲ့ အန်ဒေါ့ဂွန်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

 

▪️ ထိုတိုင်းပြည်များနဲ့ အင်ဒို-ပစိဖိတ်ဒေသမှ ပြည်သူများရဲ့ ဘေးကင်းလုံခြုံရေးနဲ့ သာယာဝပြောရေးတို့ကို မြှင့်တင်စေနိုင်မယ့် ဗျူဟာမြောက်နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားသွားမယ်လို့ အစည်းအဝေးအပြီးမှာ ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။

 

▪️ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ဘက်ထရီများ အပါအဝင် အဓိကကဏ္ဍတွေမှာ ထောက်ပံ့ရေးကွင်းဆက်များ ခိုင်မြဲရေး၊ AI ဘေးကင်းရေးစနစ်များ၊ အရေးကြီး တွင်းထွက်ပစ္စည်းများ၊ ဆိုက်ဘာလုံခြုံရေး၊ နည်းပညာအဆင့်အတန်း ချိန်ညှိချက်အပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

 

▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထောက်ပံ့ရေးကွင်းဆက်တွေမှာ တရုတ်ကြီးစိုးမှုကို လျှော့ချဖို့အတွက် တရုတ်မှဝင်လာတဲ့ မရှိမဖြစ် တွင်းထွက်ပစ္စည်းတွေကို အခွန်တိုးမြှင့်ကောက်ခံဖို့ ကတိပြုခဲ့ပါတယ်။

 

ဒီအစည်းအဝေးဟာ ၃ နိုင်ငံကြား စက်မှုပူးပေါင်းဆောင်ရွက်ရေးနဲ့ ကမ္ဘာ့ဘေးအန္တရာယ်များကို ပူးပေါင်းတုန့်ပြန်ကြဖို့အတွက် အခြေခံကျတယ်လို့ အန်ဒေါ့ဂွန်က ဆိုပါတယ်။

 

#Source: Reuters