#World_Science
Published 26 June 2024


▪️ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၇ သန်းခန့်  ထရိုင်ယေဆစ်ခေတ်မှာ နေထိုင်ခဲ့တဲ့ မိကျောင်းလိုမျိုး ​ရှေးခေတ်တွားသွားသတ္တဝါ မျိုးစိတ်အသစ်တစ်မျိုးကို ရှေးဟောင်းလေ့လာ​ရေး သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။

 

▪️ ထိုကျောက်ဖြစ်ရုပ်ကြွင်းတွေကို ဘရာဇီးလ်တောင်ပိုင်း လင်ညာဗာဇီယာ ၂ အရပ်ဒေသမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

▪️ ဒါတွေကို Parvosuchus aurelioi လို့အမည်ပေးလိုက်ကာ  အမဲလိုက်တွားသွားသတ္တဝါ ​ရှေးဟောင်းမျိုးစိတ်အသစ် ဖြစ်လာပါတယ်။

 

▪️ ဒါ့အပြင် မျိုးသုဥ်းသွားပြီဖြစ်တဲ့ pseudosuchian ရဲ့ မျိုးစိတ်ဝင်လည်း ဖြစ်တယ်လို့ သုတေသနပြုစုသူ ရိုဒရီဂိုမူလာက ဆိုပါတယ်။

 

▪️ ကျောက်ဖြစ်ရုပ်ကြွင်း စာရင်းထဲမှာ Gracilisuchidae က ရှားပါးဖြစ်ပြီး ယခုအချိန်အထိ တရုတ်မှာ ၂ မျိုးနဲ့ အာဂျင်တီးနားမှာ ၁ မျိုးသာ မြင်တွေ့ရသေးကြောင်း၊ ယခုဘရာဇီးလ်မှာ တွေ့တာနဲ့ဆိုရင် ၄ မျိုးရှိပြီဖြစ်ကြောင်း ပြောပြပါတယ်။

 

▪️ ကမ္ဘာ့ဆင့်ကဲပြောင်းလဲခြင်းသမိုင်းမှာ ဒိုင်နိုဆောတွေ ပေါ်လာပြီးနောက်မှာ Gracilisuchidae တွေ လုံးဝပျောက်ကွယ်သွားပြီး နောက်ပိုင်းမှာတော့ မိကျောင်းမျိုးစိတ်တွေ ဖြစ်လာပါတယ်။

 

▪️ တွေ့ရှိချိန်တုန်းက ကျောက်သားတွေဖြင့် ဖုံးအုပ်နေပြီး အရိုးစအနည်းငယ်သာ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
မူလာရဲ့ခန့်မှန်းချက်အရ ထိုသတ္တဝါဟာ ၆ ပေခွဲရှည်လျားပြီး အမြီးရှည်ပါတယ်။

 

▪️ ခြေ ၄ ချောင်းရှိပြီး ဓားသွားကဲ့သို့ ချွန်မြနေတဲ့ အစွယ်များရှိပါတယ်။

 

#Source: WION