#World_Health
Published 25June 2024
▪️ စားပြီးသောက်ပြီး လဲလျောင်းခြင်းက ဇိမ်ကျပေမယ့် ကျန်းမာရေးအတွက်တော့ မသင့်လျော်ပါဘူး။ အစာကြေပြီး ကျန်းမာဖို့အတွက် စားသောက်ပြီးရင် ခဏတဖြုတ် လမ်းလျှောက်ပေးသင့်ပါတယ်။ စားသောက်ပြီးနောက် လမ်းလျှောက်သင့်တဲ့ အကြောင်းအရင်းတွေကို ဖော်ပြလိုက်ပါတယ်။


 
(၁) အစာကြေခြင်း
▪️ လမ်းလျှောက်ခြင်းဖြင့် အစာအိမ်ကြွက်သားများနဲ့ အူများကို လှုံ့ဆော်ပေးပြီး အစာများ လျင်မြန်စွာ​​ရွေ့စေကာ အစာကြေစေပါတယ်။


 
(၂) သွေးတွင်းသကြားဓာတ်ထိန်းပေးခြင်း
▪️ စားပြီးနောက် လမ်းလျှောက်ခြင်းက သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို ကာကွယ်ပေးပါတယ်။


 
(၃) ကိုယ်အလေးချိန်ထိန်းပေးခြင်း
▪️ လမ်းလျှောက်ခြင်းဖြင့် ကယ်လိုရီလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ကျစေရန် အထောက်အကူ ပေးပါတယ်။


 
(၄) သွေးပေါင်ချိန်ထိန်းပေးခြင်း
▪️ စားသောက်ပြီးနောက် လမ်းလျှောက်ပေးပါက သွေးပေါင်ချိန် မှန်ကန်စေပြီး သွေးဖိအားများသူများအနေဖြင့် သွေးပေါင်ချိန် ထိန်းသိမ်းဖို့ အကူအညီ ဖြစ်စေပါတယ်။


 
(၅) ကောင်းစွာအိပ်စက်စေခြင်း
▪️ လမ်းလျှောက်ခြင်းဖြင့် အိပ်စက်နိုးကြားခြင်းစက်ဝန်း ပုံမှန်ဖြစ်စေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။

 

#Source: DoctorNDTV