#World_Health
Published 22 June 2024
▪️ မိုဒါနာ(Moderna) ဆေးဝါးကုမ္ပဏီကြီးက ကိုဗစ်-၁၉ နဲ့ တုပ်ကွေးရောဂါတို့အတွက် ပေါင်းစပ်ထားတဲ့ ကာကွယ်ဆေးက အသက် ၅၀ နဲ့အထက်လူတွေကို တတိယအဆင့်စမ်းသပ်မှု ပြုလုပ်ရာမှာ ရောဂါတစ်ခုချင်းစီရဲ့ ကာကွယ်ဆေးတွေထက် ကိုယ်ခံအားစနစ် ပိုပြီးအားကောင်းစေကြောင်း ကြေညာလိုက်ပါတယ်။
▪️ ထိုပေါင်းစပ်ကာကွယ်ဆေးဟာ mRNA နည်းပညာကို အသုံးပြုထားပြီး လက်ရှိဈေးကွက်မှာရှိနေတဲ့ တုပ်ကွေးကာကွယ်ဆေးတွေ၊ မိုဒါနာကိုဗစ်ကာကွယ်ဆေးတွေထက် ပဋိပစ္စည်းများ ပိုမိုထုတ်လုပ်ပေးနိုင်ပါတယ်။
▪️ ယခုနောက်ဆုံး စမ်းသပ်ချက်မှာ လူပေါင်း ၈၀၀၀ ခန့်ပါဝင်ပြီး ရောဂါဖြစ်ပွားလေ့ရှိတဲ့ နွေဦးရာသီ ၂၀၂၅ ၊ ၂၀၂၆ လောက်မှာ ပေါင်းစပ်ကာကွယ်ဆေးကို စတင်ဖြန့်ဝေဖို့ မိုဒါနာဥက္ကဌ စတီဖင်ဟိုဂေးက ဆိုပါတယ်။
▪️ ယင်းတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးများ ရောင်းချရမှု သိသိသာသာ ကျဆင်းသွားတာကို ကာကွယ်ဆေးအသစ်များက အစားထိုးဖြည့်ဆည်းပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။
▪️ ယင်းကာကွယ်ဆေးက ဘေးကင်းစိတ်ချရပြီး အခြားကာကွယ်ဆေးတွေလိုပဲ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။ အဖြစ်အများဆုံးအနေနဲ့ အပ်ထိုးတဲ့နေရာ နာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ မိုဒါနာက စမ်းသပ်ချက်ရလဒ် အပြည့်အစုံကို လာမယ့် ဆေးဘက်ဆိုင်ရာ အစည်းအဝေးပွဲမှာ တင်ပြဖို့ စီစဥ်ထားပါတယ်။
#Soure: India Today