#World_Science
Published 19 June 2024


▪️ အင်္ဂါဂြိုဟ်မှ ဂြိုဟ်သားအချက်ပြချက်တစ်ခုကို အဖေနဲ့ သမီး သားအဖက အဓိပ္ပာယ်ဖော်နိုင်ခဲ့ကြပါတယ်။

 

▪️ အစိုးရအသီးသီးက ဒီတာဝန်ကို ပညာရှင်များထံ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

 

▪️ ဒီဂြိုဟ်သားမက်ဆေ့ချ်ကို SETI အဖွဲ့အစည်းက ထုတ်ပြန်လိုက်ပြီးနောက် ထိုသမိုင်းပေးတာဝန်ကြီး ပြီးဆုံးသွားခဲ့ပါတယ်။

 

▪️ A Sign In Space လို့ ပရောဂျက်အမည်ပေးထားပြီး ဒန်နီယဲလာဒီပေါလစ်က အဓိကကိုင်တွယ်တာ ဖြစ်ပါတယ်။

 

▪️ ပြင်ပဂြိုဟ်မှ မက်ဆေ့ချ်တစ်ခု လက်ခံရရှိတာဟာ လူသားအားလုံးအတွက်တော့ ပြောင်းလဲမှုကြီး တစ်ခုဖြစ်ကြောင်း ဒီပေါလစ်က မှတ်ချက်ပြုလိုက်ပါတယ်။

 

▪️ ဒီမက်ဆေ့ချ်ကို ၂၀၂၃ မေလက ဥရောပအာကာသ အေဂျင်စီရဲ့ အာကာသယာဥ်ကနေ ပေးပို့လာတာ ဖြစ်ပါတယ်။


တစ်နှစ်ကျော် အကြာမှာတော့ ဂြိုဟ်သားမက်ဆေ့ချ်ကို အဓိပ္ပာယ်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

▪️ ထိုသားအဖနှစ်ယောက်က Unity ဗီဒီယိုဂိမ်းအင်ဂျင်ကို အသုံးပြုပြီး ပုံစံပြောင်းလဲမှုပေါင်း ၆၆၂၅ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

 

▪️ ထိုမက်ဆေ့ချ်ဟာ အမိုင်နိုအက်ဆစ် ၅ ခုရဲ့ပုံရိပ်ဖြစ်ပြီး ပစ်ဇယ်တုံးများဖြင့် ပုံဖော်ထားတာ ဖြစ်ပါတယ်။

 

▪️ ဥပမာအားဖြင့် အတုံးတစ်တုံးက ဟိုက်ဒရိုဂျင်ဆိုရင် ၆ တုံးက ကာဗွန်၊ ၇ တုံးက နိုက်ထရိုဂျင်၊ ၈ တုံးက အောက်ဆီဂျင်ဖြစ်ပါတယ်။

 

▪️ SETI အဖွဲ့အစည်းအနေဖြင့် ပြင်ပဂြိုဟ်အချက်ပြမှုများကို ဘယ်လိုမျိုး လက်ခံရရှိလဲ၊ ပြုလုပ်လဲ၊ အကဲဖြတ် နားလည်သလဲဆိုတာကို ဒီစမ်းသပ်ချက်ကနေ လေ့လာသိရှိနိုင်လိမ့်မယ်လို့ SETI မှ သိပ္ပံပညာရှင် ဒေါက်တာ ဝေးလ်ဖာရာက ပြောပြသွားပါတယ်။

 

#Soure: WION