Published 18 June 2024

မြေပဲထောပတ်ဟာ ပရိုတိန်း၊ အမျှင်ဓာတ်၊ မပြည့်ဝဆီများ၊ ဗိုက်တာမင်များ၊ သတ္တုဓာတ်များ စသဖြင့် အာဟာရဓာတ်များ ကြွယ်ဝပါတယ်။

မြေပဲထောပတ် တစ်ဇွန်းမှာ ၉၀ ကယ်လိုရီခန့် ပါဝင်ပြီး သင်မသိသေးတဲ့ အခြားအကျိုးကျေးဇူးလည်း ရှိပါသေးတယ်။
 
(၁) အပင်မှရတဲ့ ပရိုတိန်းများ ကြွယ်ဝစွာပါဝင်ပြီး အာဟာရလိုအပ်ချက်များနဲ့ ကိုက်ညီပါတယ်။
 
(၂) မရှိမဖြစ် အာဟာရဓာတ်များ ဖြစ်တဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗိုက်တာမင်-အီးတို့ ပါဝင်ပါတယ်။
 
(၃) သကြားမပါတဲ့ မြေပဲထောပတ် စားမယ်ဆိုရင် သွေးတွင်းသကြားဓာတ် မတက်စေပါဘူး။
 
(၄) သူ့မှာပါတဲ့ မပြည့်ဝဆီက ကောင်းကျိုးပြု ကိုလက်စ်ထရောလ် (HDL) ထုတ်လုပ်ပေးသဖြင့် နှလုံးသွေးကြောရောဂါများ ကာကွယ်ပေးပါတယ်။
 
(၅) အဆီဓာတ်နဲ့ အမျှင်ဓာတ်များကြောင့် ဗိုက်ပြည့်ဝနေစေပါတယ်။
 
(၆) ပရိုတိန်းဓာတ် မြင့်မားတာကြောင့် အမိုင်နိုအက်ဆစ် ကြွယ်ဝကာ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် ကြွက်သားကို ပြန်လည်အားဖြည့်စေပါတယ်။
 
(၇) ကလေးငယ်များ အသက် ၅ လခန့်အရွယ်မှာ မြေပဲထိတွေ့စေခြင်းဖြင့် နောက်ပိုင်းမှာ မြေပဲဓာတ်မတည့်ခြင်းမျိုး ကာကွယ်ပေးနိုင်ပါတယ်။
 
(၈) စက်ရုံတွေကထုတ်တဲ့ မြေပဲထောပတ်ပစ္စည်းတွေမှာ သကြား၊ ဆား၊ ဟင်းရွက်ဆီများ ထည့်သွင်းကြတာကို သတိပြုသင့်ပါတယ်။
 
အရသာရှိပြီး အာဟာရဓာတ်တွေ ကြွယ်ဝပေမယ့် စားသုံးတဲ့ ပမာဏ၊ ကန့်သတ်ချက်တွေကို သတိပြုရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သဘာဝအတိုင်း ပြုလုပ်ထားတဲ့ မြေပဲထောပတ်တွေကိုသာ ဝယ်ယူသင့်ပါတယ်။
Source: The Jerusalem Post.
#World_Health
#Published 18 June 2024
#YMG #Yangon_Times #Yangon_Media_Group