၁၇ ဇွန် ၂၀၂၄

ရုရှားသမ္မတပူတင်ဟာ ယခုတစ်ပတ်အတွင်းမှာ ဗီယက်နမ်နိုင်ငံကိုလာရောက်လည်ပတ်ဖို့ရှိတယ်လို့ အရာရှိတော်တော်များများကပြောကြပါတယ်။ ဒါဟာ ကွန်မြူနစ်ဗီယက်နမ်အနေနှင့် ရုရှားကို သစ္စာရှိမှုကို ပြသလိုက်တာဖြစ်ပြီး အမေရိကန်ရဲ့ ပြင်းထန်စွာအပြစ်တင်တာစတင်ခံလိုက်ရပါတယ်။

ဆွစ်ဇာလန်မှာပြီးခဲ့တဲ့ ရုံးပိတ်ရက်များကပြုလုပ်ခဲ့တဲ့ ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို ဗီယက်နမ်က မတက်ရောက်ခဲ့တဲ့အပြင် ရုရှားမှာ ပြီးခဲ့တဲ့အပတ်စောစောပိုင်းကကျင်းပတဲ့ BRICS အစည်းအဝေးကို သူ့ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ခဲ့ပြီးနောက် ပူတင်ရဲ့ဗီယက်နမ်ခရီးစဉ် ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကငါးကြိမ်သက်တမ်း သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ပူတင်ဟာ ဗီယက်နမ်သမ္မတ အသစ် တိုလမ်နှင့် အခြားခေါင်းဆောင်တွေကို သူ့ရဲ့ ဗုဒ္ဓဟူးနှင့် ကြာသပတေး နှစ်ရက်တာခရီးစဉ်မှာ တွေ့ဆုံဖို့ရှိနေပါတယ်လို့ အရာရှိတွေကပြောပါတယ်။

ဗီယက်နမ်ရဲ့ ထိပ်ဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်တဲ့အပြင် ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံအကြား ဆက်ဆံရေး   အဆင့်မြှင့်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကတော့ ဒီသတင်းကို ခပ်ကြမ်းကြမ်းပြန်တုန့်ပြန်ပါတယ်။

“သူ့ရဲ့ ရန်လိုတဲ့စစ်ပွဲကို အားပေးထောက်ကူဖို့ ဘယ်နိုင်ငံကမှ သူ့ကိုပလက်ဖောင်းမပေးသင့်ဘူး။ အဲသလိုဆိုရင် သူရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပုံမှန်တစ်ခုဖြစ်အောင်သူ့ကိုလုပ်ပေးလိုက်သလိုဖြစ် သွားလိမ့်မယ်” လို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်က အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရသူက ရိုက်တာရဲ့ ဗီယက်နမ်-အမေရိကန်ဆက်ဆံရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတဲ့အမေးကို ပြန်  ဖြေပါတယ်။

“သူသာ လွတ်လွတ်လပ်လပ်ခရီးသွားနိုင်ရင် ရုရှားရဲ့ နိုင်ငံတကာဥပဒေကို ရဲရဲတင်းတင်းချိုးဖောက်   တာကို ပုံမှန်တစ်ခုလို့လုပ်ပေးလိုက်သလိုဖြစ်သွားမယ်”လို့ သူကထပ်ပြောပါတယ်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရိုက်တာအမေးကို ပြန်မတုန့်ပြန်ပါဘူး။

ဟနွိုင်းရဲ့အမြင်ကတော့ ပူတင်ခရီးစဉ်ဟာ ဗီယက်နမ်အနေနှင့် မည်သည့် အင်အားကြီးနိုင်ငံတွေကိုမှ ဘက်မလိုက်ဘူးဆိုတဲ့ မျှတတဲ့ နိုင်ငံခြားရေးမူဝါဒကို ပြသလိုတာဖြစ်တယ်” လို့ စင်္ကာပူအခြေစိုက် ISEAS-Yusof Ishak Institute ရဲ့ အကြီးတန်းပညာရှင် အိုင်ယန်စတိုရေးက ပြောပါတယ်။
ပူတင်ဟာ ဗီယက်နမ်ကို ၂၀၂၇မှာ ပထမဆုံးခရီးစဉ်အဖြစ်ရောက်ရှိခဲ့ပြီး ဒါဟာသူရဲ့ ငါးကြိမ်မြောက်ခရီး ဖြစ်ပါတယ်။  ကုန်သွယ်ရေး၊ရင်းနှီးမြှပ်နှံမှု၊နည်းပညာနှင့်ပညာရေးနယ်ပယ်တွေမှာ သဘောတူညီချက် တွေကြေညာဖို့ရှိနိုင်တယ်လို့ နှစ်ဘက်အရာရှိတွေက ပြောကြပါတယ်။ အမည်မဖော်လိုတဲ့အရာရှိကြီး တွေကတော့ ဗီယက်နမ်ခေါင်းဆောင်တွေနှင့်ပူတင်ဟာ ဒီထက်ပိုပြီးအရေးကြီးတဲ့ကိစ္စတွေ အာရုံစိုက် ပြောဆိုကြမှာဖြစ်တယ်လို့ ထုတ်ပြောပါတယ်။

အဲဒါတွေအထဲမှာ ရုရှားဟာ ဗီယက်နမ်ရဲ့ လက်နက်ရောင်းချပေးတဲ့ ထိပ်ဆုံးနိုင်ငံဖြစ်တဲ့အတွက် လက်နက်ကိစ္စ၊ရုရှားကုမ္ပဏီတွေဟာ ဗီယက်နမ်မှာ ရေနံနှင့်သဘာဝဓာတ်ငွေ့တွင်းတွေ လုပ်နေတဲ့   အတွက် စွမ်းအင်ကိစ္စတွေပါဝင်မှာဖြစ်ပြီး  ရုရှားဘဏ်တွေကို အမေရိကန်က အရေးယူပိတ်ဆို့ထားလို့ နှစ်နိုင်ငံအကြား ငွေပေးငွေယူကိစ္စတွေပါဝင်ပါလိမ့်မယ်လို့အရာရှိတွေကပြောပါတယ်။ ဒီကိစ္စတွေ ကြေညာမလားဆိုတာတော့ မသေချာပါဘူး။

လက်နက်အရောင်းအဝယ်အပါအဝင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ အဓိကဖြစ်တယ်လို့ ကင်ဘာရာ ဩစတြေလျ စစ်တက္ကသိုလ်ရဲ့ ဗီယက်နမ်လုံခြုံရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင် ကားလ်တသေယာက ပြောပါတယ်။

ပူတင်နှင့်ဗီယက်နမ်ခေါင်းဆောင်တွေဟာ ရူဘဲလ်နှင့်ဒွန်ငွေတွေ အသုံးပြုပြီး ငွေပေးငွေယူတွေကိုလုပ် မယ့် ဘဏ်စနစ်တစ်ခုကို သဘောတူကြနိုင်ဖွယ်ရှိတယ်လို့လည်း သူကပြောပါတယ်။

Source:  Reuters