Published 17 June 2024

နှင်းဆီမျိုးနွယ်မှာ ပါဝင်တဲ့ စတော်ဘယ်ရီသီးဟာ ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပြီး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။

အလုံးစုံကျန်းမာရေး ထိန်းသိမ်းဖို့အတွက် နေ့စဥ်စားသောက်သင့်တဲ့ စတော်ဘယ်ရီရဲ့ အကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါတယ်။
 
(၁) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ဖြစ်တဲ့ ဗိုက်တာမင်-စီ၊ အန်သိုဆိုင်ယာနင်၊ ကွာစ်တင်၊ ကမ့်ဖီရောလ်တို့ ကြွယ်ဝကာ နာတာရှည်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။
 
(၂) မကောင်းတဲ့ LDL ကိုလက်စ်ထရောလ်များကို လျှော့ချပေးသဖြင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေကာ နှလုံးရောဂါများမှ ကာကွယ်ပေးပါတယ်။
 
(၃) ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးတဲ့ အာနိသင်ကြောင့် အဆစ်အမြစ်နာခြင်းနဲ့ နာတာရှည်ရောင်ရမ်းခြင်း ရောဂါများကို သက်သာစေပါတယ်။
 
(၄) သူ့မှာပါဝင်တဲ့ ပိုလီဖီနော်လ်က သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးကာ ဆီးချိုသမားများအတွက် သင့်လျော်ပါတယ်။
 
(၅) ဗိုက်တာမင်-စီ မြင့်မားစွာ ပါဝင်တာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။
 
(၆) ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားပေးကာ အကျိတ်ဖြစ်ပေါ်ခြင်းကို လျှော့ချပေးပါတယ်။
 
(၇) အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကို ထောက်ပံ့ပေးပြီး ဝမ်းပုံမှန်သွားစေပါတယ်။
 
(၈) ဗိုက်တာမင်-စီက ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးကာ အသားအရည် တင်းရင်းတောက်ပစေပါတယ်။
 
(၉) ကယ်လိုရီနည်းပါးတာကြောင့် ဗိုက်ပြည့်ဝနေစေတာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းပေးပါတယ်။
 
(၁၀) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက မျက်လုံးရောဂါများဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
Source: DoctorNDTV.
#World_Health
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group