Published 14 June 2024

XPrize အဖွဲ့အစည်း တည်ထောင်သူ အသက် ၆၃ နှစ်ရှိ မီလျံနာ ပီတာဒိုင်းမန်းဒစ်က အိပ်စက်ခြင်းဟာ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ယုံကြည်ထားပါတယ်။

ယင်းက ညဘက် ကောင်းစွာအိပ်စက်နိုင်မယ့် အချက်များကို မျှဝေသွားပါတယ်။

ပထမအချက်က Oura လက်စွပ် ဝတ်ဆင်သင့်တယ်လို့ ဆိုပါတယ်။

ဒေါ်လာ ၃၀၀ တန် ထိုလက်စွပ်ဟာ ဝတ်ဆင်သူတွေရဲ့ လှုပ်ရှားမှုတွေ၊ အပူချိန်၊ နှလုံးခုန်နှုန်းတို့ကို တစ်နေ့တာလုံး တွက်ချက်ပေးနေသလို ဘယ်လောက် ကောင်းကောင်းအိပ်ရသလဲဆိုတာ စောင့်ကြည့်ပေးပါတယ်။

ဒုတိယအချက်က အိပ်စက်ဖို့အတွက် အကောင်းဆုံး အခြေအနေ ဖန်တီးခြင်းပါ။

အိပ်ခန်းကို အေးမြအောင် ထိန်းသိမ်းခြင်းက ကောင်းစွာ အိပ်စက်နိုင်စေမှာ ဖြစ်ပါတယ်။

ဒေါ်လာ ၂၅၅၀ တန် အိပ်ရာက ညဘက်မှာ အပူချိန် အေးမြစေပြီး မနက်ထတဲ့အချိန်မှာ နွေးထွေးစေပါတယ်။

တတိယအချက်က မျက်လုံးအကာ ဝတ်ဆင်ပြီး အိပ်စက်ခြင်းပါ။

ဒိုင်းမန်းဒစ်ကတော့ ၃၅ ဒေါ်လာတန် Manta မျက်လုံးအကာကို ဝတ်ဆင်ပါတယ်။

ထိုပစ္စည်းက ဝင်လာသမျှ အလင်းအားလုံးကို ပိတ်ပင်ပေးပါတယ်။

စတုတ္ထအချက်က သွားဖုံးကာ တပ်ဆင်ပြီး အိပ်စက်ခြင်းပါ။

ထိုကိရိယာက မေးရိုးကိုအနည်းငယ် ပင့်တင်ပေးထားပြီး အသက်ရှူလေဝင်ပေါက်ကို ဟပေးထားတာကြောင့် ဟောက်ခြင်းကို ကာကွယ်ပေးပါတယ်။

နောက်ဆုံးအချက်က အိပ်ချိန်ပုံမှန်အတိုင်း သတ်မှတ်ဖို့ပါ။

ညစဉ် အိပ်ရာကို စောစောဖြင့် ပုံမှန်အတိုင်း အိပ်စက်ပေးပါက အကောင်းမွန်ဆုံး အိပ်ချိန်ရရှိစေမှာ ဖြစ်ပါတယ်။
Source: New York Post
#World_Health
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group