Published 13 June 2024

ဦးနှောက်မှတ်ဉာဏ်နေရာအတွင်း လုပ်ဆောင်နေတဲ့ နျူရွန်အာရုံကြောမျှင်များဟာ လူတွေအိပ်နေတဲ့အချိန်မှာ ယခင်ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်စဥ်းစားတာမျိုးအပြင် အနာဂတ်မှာ ဖြစ်လာမယ့် အဖြစ်အပျက်တွေကိုလည်း ပြင်ဆင်နေနိုင်ဖွယ်ရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

မီချီဂန်တက္ကသိုလ်မှ သုတေသီအဖွဲ့က ကြွက်တွေ အိပ်နေစဥ်နဲ့ နိုးကြားနေချိန်တို့မှာ ဦးနှောက်လှိုင်းများကို တိုင်းတာစစ်ဆေးခဲ့ကြပါတယ်။

ကြွက်များကို ဝင်္ကပါစမ်းသပ်ချက် မပြုလုပ်ခင်၊ ပြုလုပ်နေစဥ်နဲ့ ပြုလုပ်အပြီးတို့မှာ တိုင်းတာခဲ့ကြပြီး အာရုံကြောဆဲလ်များကို အကဲဖြတ်ခဲ့ကြပါတယ်။

ထိုအခါမှာ ဝင်္ကပါထဲက ကြွက်တွေ ရှာဖွေစူးစမ်းပြီးသား နေရာတွေကို အိပ်မက်မက်ရုံမက အိပ်နေစဥ်မှာ လမ်းအသစ်တွေကိုပါ ကြိုးပမ်းရှာဖွေနေကြတာကို တွေ့ရှိခဲ့ကြပါတယ်။

ဒါဟာ အချို့သော နျူရွန်တွေနဲ့ နေရာများကြား ဆက်စပ်မှုရဲ့ အဓိကရလဒ်များဖြစ်ပြီး အိပ်ပျော်နေတဲ့  ဦးနှောက်ပါ ပါဝင်လာတာ ဖြစ်ပါတယ်။

အိပ်စက်ခြင်းက မှတ်ဉာဏ်ဖြစ်ပေါ်မှုပိုင်းကို ကူညီထောက်ပံ့တယ်လို့ သိရှိထားကာ ယခုလေ့လာချက်အရ လူသားဦးနှောက်မှာလည်း အလားတူ ဖြစ်ပေါ်နိုင်ဖွယ်ရှိပြီး အနာဂတ်မှာ ဖြစ်လာမယ့် အဖြစ်အပျက်တွေအတွက် ကြိုတင်ပြုလုပ်တာမျိုး ဖြစ်လာနိုင်ပါတယ်။
Source: WION.
#World_Science
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group