Published 13 June 2024 

 
ကင်ဆာရောဂါတွေက ကမ္ဘာပေါ်မှာ လူတွေသေဆုံးရခြင်းရဲ့ ဒုတိယအများဆုံး အကြောင်းအရင်းဖြစ်ပြီး များသောအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဖွံ့ဖြိုးမှုအားနည်းတဲ့ နိုင်ငံတွေမှာ အသေအပျောက် များနေကြောင်း WHO က ဖော်ပြထားပါတယ်။ 
 
ခံတွင်းကင်ဆာဆိုတာက ခံတွင်းခေါင်းထဲက လျှာ၊ ပါးစပ်ကြမ်းပြင်၊ အားခေါင်၊ ပါးစောင်၊ သွားဖုံး၊ နှုတ်ခမ်းတို့မှာ ကင်ဆာဖြစ်တတ်ပါတယ်။ 
 
ပါးစပ်ကင်ဆာက ၁၃ ခုမြောက် အဖြစ်အများဆုံးကင်ဆာ ဖြစ်ပါတယ်။ 
 
အိန္ဒိယမှာတော့ ပါးစပ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာ ဖြစ်နေပါတယ်။ 
 
ယခင်က ပါးစပ်ကင်ဆာ ဖြစ်တဲ့ယောက်ျားတွေဟာ အသက် ၄၀ ဝန်းကျင်ဖြစ်ခဲ့ပေမယ့် အခုအခါတော့ အသက် ၂၀ ၊ ၃၀ ဝန်းကျင် ယောက်ျားလေးတွေမှာပါ ဖြစ်လာကြပါတယ်။  
 
ဆေးလိပ်နဲ့ အရက်သေစာ သောက်စားခြင်းတို့က ယခုဆယ်စုနှစ်တွေမှာ ပိုများလာကာ ပါးစပ်ကင်ဆာဖြစ်ရခြင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်လောက်နဲ့ ဆက်စပ်နေပါတယ်။ 
 
ဆေးလိပ်မှာ ဓာတုပစ္စည်းပေါင်း ၅၀ ကျော်ပါဝင်ပြီး ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ပါးစပ်နားတဝိုက်က ဆဲလ်တည်ဆောက်ပုံတွေကို ပြောင်းလဲပစ်လိုက်ပါတယ်။ 
 
ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတာမျိုး ဖြစ်လာတဲ့အခါ ခံတွင်းနဲ့ အစာရေမျိုကင်ဆာတို့ ဖြစ်လာနိုင်ပါတယ်။ 
 
အရက်သေစာက အသည်းနဲ့ ဆိုင်တယ်ဆိုပေမယ့် ဆေးလိပ်၊ စီးကရက်တို့နဲ့ တွဲသောက်တဲ့အခါမှာတော့ ပါးစပ်ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ 
 
HPV ဗိုင်းရပ်အချို့ကလည်း မိန်းမကိုယ်၊ ကျားအင်္ဂါ၊ သားအိမ်ခေါင်း၊ စအိုနဲ့ ပါးစပ်ကင်ဆာတို့ ဖြစ်စေနိုင်ပါတယ်။ 
 
အာဟာရဓာတ် ချို့တဲ့ခြင်း၊ အသီးအရွက် အစားနည်းခြင်းတို့ကလည်း ခံတွင်းကင်ဆာဖြစ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ 
 
ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်တယ်ဆိုရင် သွားဆရာဝန်ထံ ပြသသင့်ပါတယ်။ 
 
အစာဝါးမျိုဖို့ ခက်ခဲခြင်း၊ ပါးစပ်အတွင်း အဖုအလုံး ဖြစ်ပေါ်ခြင်း၊ လျှာထုံခြင်း၊ အဖြူကွက် အနီကွက်များဖြစ်ခြင်း၊ အချိန်ကြာတဲ့အထိ ခံတွင်းနံ့ဆိုးခြင်း၊ သွားယိုင်နဲ့ခြင်း၊ နားနဲ့မေးရိုး နာကျင်ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ 
 
အိန္ဒိယမှာဆိုရင် ခံတွင်းကင်ဆာကို နောက်ပိုင်းအဆင့်တွေရောက်မှ ဖြစ်မှန်းသိကြတာ များပါတယ်။ 
 
လူအများစုက အကိုက်အခဲပျောက်ဆေးများဖြင့် မသက်သာတော့မှသာ သွားဆရာဝန်ထံ သွားတတ်ကြပါတယ်။ 
Source: India Today.
#World_Health
#Published_ 13 June 2024
#Yangon_Times #YMG_News #Yangon_Media_Group