Published 12 June 2024

အသက် ၇၅ နှစ်အောက် ကျန်းမာတဲ့လူတွေဟာ ဗိုက်တာမင်-ဒီကို နေ့စဥ်လိုအပ်ချက်ထက်ပိုပြီး ဖြည့်စွက်စားသုံးမယ်ဆိုရင် အကျိုးအာနိသင် ပိုမိုမရရှိနိုင်ဘူးလို့ US Endocrine Society က လမ်းညွှန်ဖော်ပြလိုက်ပါတယ်။

ထိုအသက်အပိုင်းအခြားမှာ ဗိုက်တာမင်-ဒီ ပုံမှန်စစ်ဆေးခြင်းမျိုးလည်း မလိုအပ်ဘူးလို့ ဖော်ပြထားပါတယ်။

အသက် ၁ နှစ်မှ ၇၀ အထိ လူတွေအတွက် နေ့စဥ်ဗိုက်တာမင်-ဒီ လိုအပ်ချက်က ၆၀၀ IU ဖြစ်ပြီး အသက် ၇၀ ကျော်ရင်တော့ ၈၀၀ IU ဖြစ်လာပါတယ်။

ဗိုက်တာမင်-ဒီ ပိုမိုလိုအပ်သူတွေက ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ အသက် ၇၅ နှစ်အထက် လူကြီးများ၊ ဆီးချိုဖြစ်နိုင်ခြေရှိသူများ ဖြစ်ပါတယ်။

ဗိုက်တာမင်-ဒီက ကျန်းမာရေးအကျိုးကျေးဇူးများစွာနဲ့ ပတ်သက်နေပေမယ့် ဖြည့်စွက်စာတွေရဲ့ ထိရောက်မှုကတော့ ငြင်းခုံနေကြပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီး လေ့လာချက်များ ပြုလုပ်ပြီးနောက် အဓိကညွှန်ကြားထားတာတွေ ရှိပါတယ်။

အသက် ၇၅ နှစ်အောက် လူတွေမှာ နေ့စဥ်လိုအပ်ချက်ထက် ပိုပြီးမဖြည့်စွက်သင့်ပါဘူး။

အသက် ၁၈ နှစ်နဲ့အောက် ကလေးတွေမှာ များများဖြည့်စွက်ခြင်းဖြင့် အာဟာရ ချို့တဲ့မှုနဲ့ အသက်ရှူလမ်းကြောင်း ရောဂါကူးစက်ခြင်းတို့ကို ကာကွယ်နိုင်ဖွယ်ရှိပါတယ်။

အသက် ၇၅ နှစ်အထက် လူကြီးတွေမှာ များများဖြည့်စွက်ခြင်းဖြင့် အသက်အန္တရာယ် လျှော့ချပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်များ များများစားပေးပါက သန္ဓေသားအန္တရာယ် လျော့နည်းစေပါတယ်။

ဆီးချိုဖြစ်နိုင်ခြေရှိတဲ့သူတွေမှာ များများစားပေးခြင်းဖြင့် ဆီးချိုလက္ခဏာ လျော့ပါးသွားပါတယ်။

အသက် ၅၀ နဲ့အထက် ဗိုက်တာမင်-ဒီ လိုအပ်တဲ့လူတွေမှာ နေ့စဥ်ပမာဏနည်းနည်း လိုအပ်ပါတယ်။
Source: India Today.
#World_Health
Published 12 June 2024
#ymg #Yangon_Times #Yangon_Media_Group