#World_News
Published 08 June 2024


▪️ နျူကလီးယားစွမ်းအင်သုံး ရုရှားရေငုပ်သင်္ဘောတစ်စင်း လာမယ့်သီတင်းပတ်အတွင်း ဟာဗားနားကို ရောက်ရှိလာမယ်လို့ ကျူးဘားနိုင်ငံ ကွန်မြူနစ်အာဏာပိုင်များက ဇွန်လ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

 

▪️ ရေငုပ်သင်္ဘောဟာ နျူကလီးယားလက်နက်များ တင်ဆောင်လာမှာ မဟုတ်ပေမယ့် နာမည်ကျော် ၁၉၆၂ ကျူးဘားဒုံးကျည်ပြဿနာကို ပြန်လည်အမှတ်ရစေပါတယ်။

 

▪️ နျူကလီးယား ရေငုပ်သင်္ဘော ကာဇန်၊ အစောင့်သင်္ဘော အက်ဒ်မရယ်ဂေ့ါရှ်ကော့ဗ်၊ ဆီတင်သင်္ဘောတစ်စင်းနဲ့ ကုန်ဆယ်တင်ရေး သင်္ဘောတစ်စင်းတို့ဟာ ဇွန် ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျူးဘားမြို့တော်မှာ ဆိုက်ကပ်ထားမှာ ဖြစ်ကြောင်း၊ နျူကလီးယားလက်နက်တွေ မပါဝင်တာကြောင့် အန္တရာယ်ခြိမ်းခြောက်မှု မရှိကြောင်း ကျူးဘားတော်လှန်ရေး တပ်မတော်ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

 

▪️ ဒီလိုမျိုး နေရာချထားခြင်းက အနောက်တိုင်းကို အချက်ပေးသလို ဖြစ်နေပြီး ရုရှားစစ်တပ်က အမေရိကားနဲ့ အတော်လေး နီးစပ်လာမှာဖြစ်ပါတယ်။

 

▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်က မကြာသေးမီက နျူကလီးယား ခြိမ်းခြောက်မှုများ ပြုလုပ်ထားရာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားနဲ့ အမေရိကန်တို့ တင်းမာမှုမြင့်တက်နေချိန် ဖြစ်ပါတယ်။

 

▪️ အနောက်တိုင်းကို ပစ်ခတ်ချင်တဲ့ နိုင်ငံတွေအတွက် လက်နက်များ ထောက်ပံ့ပေးနိုင်တယ်လို့ ပူတင်က ပြောထားပါတယ်။

 

▪️ ၁၉၆၂ ကျူးဘားဒုံးကျည်ပြဿနာ ဆိုတာက အမေရိကန်နဲ့ ယခင်ဆိုဗီယက်ပြည်ထောင်စုတို့ ရင်ဆိုင်ခဲ့ကြတာဖြစ်ပြီး တစ်လနဲ့ ၄ ရက်ကြာမြင့်ခဲ့ကာ နျူကလီးယားစစ်ပွဲ ဖြစ်လုနီးပါးအန္တရာယ် ကျရောက်ခဲ့ပါတယ်။

 

▪️ အမေရိကန်က တူရကီများ ဒုံးကျည်များနေရာချထားခဲ့ရာ ဆိုဗီယက်ကလည်း ကျူးဘားထံ ဒုံးကျည်များ ပေးပို့ခဲ့ပါတယ်။

 

▪️ ကျူးဘားကနေသာပစ်ရင် အမေရိကန်အရှေ့ပိုင်း နေရာအများစုကို မိနစ်ပိုင်းအတွင်း ထိမှန်နိုင်ပါတယ်။

 

▪️ ထိုအချိန် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနက်ဒီက ဆိုဗီယက်မှ ဒုံးကျည်ပေးပို့မှုများ ကျူးဘားသို့မရောက်နိုင်အောင် ရေကြောင်းပိတ်ဆို့မှု ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

▪️ ဒီနောက် ဆိုဗီယက်သင်္ဘောများ တဖြည်းဖြည်း ဆုတ်ခွာသွားကာ ကျူးဘားမှ ဒုံးကျည်တွေကို ဆိုဗီယက်သို့ ပြန်လည်သယ်ဆောင်သွားပြီလို့ အကြောင်းကြားခဲ့သလို ကနက်ဒီကလည်း တူရကီမှ ဒုံးကျည်များကို ရုပ်သိမ်းကာ ကျူးဘားကို ဘယ်တော့မှ မကျူးကျော်ဘူးလို့ လျှို့ဝှက်စွာ ကတိပြုခဲ့ရကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

 

#Source: WION