၇ ဇွန် ၂၀၂၄

ကင်မရွန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ဖီလီမွန်ယန်းကို ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ သဘာပတိအဖြစ် ဇွန်လ ၆ ရက်နေ့က တင်မြှောက်လိုက်တယ်လို့ သိရပါတယ်။

ယန်းဟာ ၇၈ကြိမ်မြောက်ညီလာခံရဲ့သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ထရင်နီဒက်နှင့်တိုဘာဂိုနိုင်ငံမှ ဒင်းနစ်ဖရန်စစ် ထံကနေ စက်တင်ဘာ၁၀ရက်နေ့ ညီလာခံဖွင့်တဲ့အခါ တာဝန်လွှဲယူမှာဖြစ်ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းကို ဗဟုဝါဒတိုးမြှင့်ကြဖို့ ရွေးကောက်တင်မြှောက်ခံရတဲ့ သဘာပတိအသစ်က တိုက်တွန်း ပြောကြားပါတယ်။ ပြီးတော့ ကုလသမဂ္ဂရဲ့အခြေခံမူတွေနှင့် ပဋိညာဉ်အုတ်မြစ်ကိုလည်း သူကအလေးပေးပြောပါတယ်။

ယန်းဟာ ၁၉၄၇ခုနှစ် ဇွန်လမှာ မွေးဖွားခဲ့ပြီး ၂၀၀၉ မှ ၂၀၁၉အထိ ကင်မရွန်ဝန်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ်မှစကာ သမ္မတရဲ့ အမျိုးသားဂုဏ်ထူးဆောင်ဆု အဓိပတိကြီးအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။  ကင်မရွန်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံသဘာပတိအဖြစ် ရွေးချယ်ခံရတဲ့ အာဖရိကနိုင်ငံတွေထဲမှာ ၁၃နိုင်ငံမြောက် ဖြစ်ပါတယ်။ ၂၀၁၄မှာ ယူဂန်ဒါနှင့် ၂၀၁၉ မှာ နိုင်ဂျီးရီးယားတို့ အရွေးခံခဲ့ရပါတယ်။

Source Xinhua