၇ ဇွန် ၂၀၂၄

ထိုင်းနိုင်ငံ နာခွန်ရက်ချာဆီမာခရိုင်၊ ဖီမိုင်းမြို့က ထီပေါက်သူတစ်ဦးဟာ  သူ့ရဲ့ ဖော်ရွေတတ်တဲ့ အမြီးနှစ်ခွတောက်တဲ့ တစ်ကောင်ကို ရွှေဆွဲကြိုးတစ်ကုံး ဝယ်ပေးခဲ့ပါတယ်။အဲဒီတောက်တဲ့ကို သူဟာ လွန်ခဲ့တဲ့နှစ်ပတ်ခန့်က တွေ့ခဲ့လို့ အိမ်ကိုယူ ဆောင်လာတာဖြစ်ပြီး အဲဒီတောက်တဲ့ဟာ သူ့ကိုကံကောင်းစေတယ်လို့ သူကယုံကြည်သွားလို့ဖြစ်ပါတယ်။

အသက်၄၂နှစ်အရွယ် ဆောက်လုပ်ရေးကန်ထရိုက်တာ ဂျိန်း ချန်တာကူးဟာ မေလ ၂၀ရက်က အိမ်တစ်အိမ်မှာ ကန်ထရိုက် အလုပ်လုပ်ပေးနေရင်း ကွန်ကရစ်ရောပုံးကြီးတစ်ခုဘေးမှာ အမြီးနှစ်ခွနှင့် တောက်တဲ့ကို တွေ့လိုက်တာ ဖြစ်ပါတယ်။ သူဟာ အဲဒီထူးဆန်းတဲ့အမြီးကြောင့် အထိတ်တလန့်ဖြစ်သွားပါသေးတယ်။ ဒါပေမယ့် ဒီလိုတွေ့ရတာဟာ သူ့အတွက်တော့ နိမိတ်ကောင်းတစ်ခုလို့ ယုံကြည်ပြီး အဲဒီတောက်တဲ့ကို အိမ်ရှင်ထံက ခွင့်ပြုချက်တောင်းပြီး သူ့အိမ်   သယ်လာခဲ့ကာ အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးခဲ့ပါတယ်။

“ အဲဒီအချိန်မှာ ဒီတောက်တဲ့ကိုတွေ့ရတာ မင်္ဂလာရှိတာတစ်ခုလို့  ကျွန်တော်ယုံကြည်လိုက်တယ်။ ကျွန်တော့်မိသားစု အတွက်ကံကောင်းတော့မှာပဲလို့ခံစားရတယ်။ အဲဒါကြောင့် အိမ်ကိုသယ်လာဖို့ဆုံးဖြတ်ခဲ့တာ” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့စနေနေ့က လတစ်လရဲ့ပထမနေ့ အစိုးရရဲ့ နှစ်လုံးထီဆုတွေကြေညာတဲ့အခါ သူဟာ ဘတ် ၂၈၀၀၀ ဆုကို ရရှိခဲ့ပါ  တယ်။ ပေါက်သွားတဲ့နံပါတ်က ၄၂ဖြစ်ပြီး သူက အဲဒီနံပါတ်ကိုပဲ ၁၄စောင်ဝယ်ခဲ့ပါတယ်။ တစ်စောင်ကို ဆုအဖြစ် ဘတ် ၂၀၀၀ ရခဲ့တာပါ။

ထီပေါက်တာနှင့် သူဟာ ရွှေဆိုင်တစ်ဆိုင်သွားပြီး ဆွဲကြိုးအသေးကလေးတစ်ကုံး ဝယ်လိုက်ပါတယ်။ ဆွဲကြိုးက ရွှေ ၂၅ ဆာတန်ရှိပြီး ဘတ် ၅၁၀၀ ပေးရပါတယ်။ သူက အဲဒီဆွဲကြိုးကို သူ့ရဲ့ လာဘ်ကောင်သတ္တဝါလေးကို လက်ဆောင်ပေး လိုက်ပါ တယ်။

ကျွန်တော်က ကျွန်တော့်အသက်ဖြစ်တဲ့ ၄၂ နံပါတ်ကိုရွေးထိုးတာပါ။ ထီပေါက်တာဟာ ဒီတောက်တဲ့ကြောင့်လို့ ကျွန်တော် တကယ်ထင်ပါတယ်။ဒီကောင်လေးကို ကျွန်တော် အတတ်နိုင်ဆုံးမွေးမြူစောင့်ရှောက်သွားမှာပါ။ဇွန် ၁၆ ရက် ထီဖွင့်ပွဲမှာလည်း သူက ကျွန်တော့်ကို ကံကောင်းအောင်လုပ်ပေးလိမ့်ဦးမယ်လို့ မျှော်လင့်ယုံကြည်ထားပါတယ်” လို့ သူကပြောပါတယ်။

Source BKK Post